စံချိန်တင် ဂိုးသွင်းရှင် အဖြစ် အဂွေရို ဂုဏ်ပြုဆု ချီးမြှင့်ခံရ

မန်စီးတီး အသင်း တိုက်စစ်မှူး အဂွေရိုဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အာဆင်နယ် အသင်းနှင့် အိမ်ကွင်း ပွဲစဉ် မတိုင်မီ အသင်းရဲ့ ဂိုးသွင်း အများဆုံး စံချိန် စံချိန်တင် ဂိုးသွင်းရှင် အဖြစ် ဂုဏ်ပြုဆု ပေးအပ်ခံရကြောင်း သိရပါတယ်။

အဆိုပါ အာဂျင်တီးနား တိုက်စစ်မှူး ဖြစ်သူဟာ ပြီးခဲ့တဲ့ နာပိုလီ အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ အဝေးကွင်း ချန်ပီယံလိဂ် ပွဲစဉ်မှာ မန်စီးတီး အသင်း အတွက် သူ့ရဲ့ ပြိုင်ပွဲ အရပ်ရပ် ၁၇၈ ဂိုးမြောက် ဂိုးကို သွင်းယူကာ အသင်း သမိုင်းမှာ ဂိုးသွင်း အများဆုံး စံချိန်တင်ထားခဲ့တဲ့ ဂန္တ၀င် ကစားသမား ဟောင်း အဲရစ်ဘရွတ်ရဲ့ စံချိန်ကိုပါ ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီး အသင်း တိုက်စစ်မှူး အဂွေရိုအား အသင်း ဂန္တ၀င် ကစားသမားဟောင်း မိုက်ဆမ်မာဘီနှင့် အတူ ဂန္တ၀င် ကစားသမားဟောင်း အဲရစ်ဘရွတ်ရဲ့ သမီးဖြစ်သူ ဘတ်တီကောင်ဂီလ်တို့က မန်စီးတီး အသင်းရဲ့ ဂိုးသွင်း အများဆုံး စံချိန်တင် ဂုဏ်ပြုဆုကို ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

-Ref; Sky sports