ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ အောက်မြန်မာပြည် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

ရန်ကုန် အောက်တိုဘာ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်(ရန်ကုန်) အစည်းအဝေး ခန်းမ၌ ပါတီကိုယ်စားပြု အောက်မြန်မာပြည် တိုင်းဒေသကြီးနှင့်ပြည်နယ်တို့မှ လွှတ်တော်ကိုယ်စားလှယ် များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့မှ ပါတီကိုယ်စားပြု တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးများ စုစုပေါင်း ၁၇ဝ တက်ရောက်ခဲ့ကြသည်။
အစီအစဉ်အရ ပါတီကိုယ်စားပြုတိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက မိတ်ဆက်ကြပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကာလ ဆောင်ရွက်မှုအခြေအနေ များအား တင်ပြခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားသည်။ အစီအစဉ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ကိုယ်စားလှယ်များနှင့်တွေ့ဆုံရသည့် ရည်ရွယ်ချက်၊ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲပြီးသည့်နောက်ပိုင်း ပါတီတွင်း ဆောင်ရွက်ချက်များ၊ လွှတ်တော် ကိုယ်စားလှယ်များ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပါတီအဆင့်ဆင့်က ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က ရခိုင်ပြည် နယ်(မြောက်ပိုင်း)တွင် ဖြစ်ပေါ်နေသောအခြေအနေမှန်များနှင့်ပတ် သက်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြော ကြားပြီး တွေ့ဆုံပွဲအခမ်းအနားကို မွန်းလွဲ ၁နာရီ ၄၅မိနစ်တွင် ပြီးဆုံးခဲ့သည်။