မုံရွာမြို့နယ် ကိုယ်စားပြု ကော်လပြကျေးရွာ (ငြိမ်းချမ်းအေး) ဓမ္မစကြာ ၀တ်အသင်း ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

 

စစ်ကိုင်းတိုင်း ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာမှ ကျင်းပသော ဓမ္မစကြာ ရွတ်ပွားပူဇော်ပြိုင်ပွဲ ပထမဆုရ မုံရွာမြို့နယ် ကိုယ်စားပြု ကော်လပြကျေးရွာ (ငြိမ်းချမ်းအေး) ဓမ္မစကြာဝတ်အသင်း ဂုဏ်ပြုပွဲ အခမ်းအနားကို ၁၅.၁၀.၂၀၁ရ ရက်နေ့ နံနက် ၉း၀၀ – ၁၁း၀၀ နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

မုံရွာမြို့နယ် ကော်လပြရွာ မဇ္ဈိမာရုံကျောင်းတိုက် မဇ္ဈိမကျောင်း ပဓာန နာယကဆရာတော် ဘန္ဒန္တတေဇိယထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြပြီး နဝကမ္မနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကါ (နမောတ ဿ ) (၃) ကြိမ်ဖြင့် ရွတ်ဆိုဖွင့်လှစ်ပြီး(ဗုဒ္ဓသာသနံ စိရံတိဿတု) (၃)ကြိမ် ရွတ်ပွားကြကာ ဂုဏ်ပြုပွဲအခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

Crd;