ပြည်ခိုင်ဖြိုးပါတီ လူငယ်ညီလာခံ အစုအဖွဲ့ ၃ မှ လူငယ်စွမ်းအားမြှင့်တင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေး

နေပြည်တော်၊ မေ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် ပြုလုပ်ကျင်းပသည့် လူငယ်ညီလာခံဖွင့်ပွဲ (ပထမနေ့) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပါတီဌာနချုပ် ပြည်ထောင်စုခန်းမတွင် ပြုလုပ်ကျင်းပခဲ့ရာ ပါတီဗဟို အတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ပါတီဗဟိုအတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။ အဆိုပါညီလာခံ ကျင်းပရာသို့ မြန်မာတစ်နိုင်ငံလုံးမှ ပါတီဝင်လူငယ်အင်အား တစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။

အဆိုပါညီလာခံဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားပြီးနောက် တက်ရောက်လာကြသော ပါတီဝင်လူငယ်များအား “လူငယ်စွမ်းအားမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ၂၀၂၀ အောင်နိုင် ရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ၊ နိုင်ငံရေးမျိုးဆက်သစ်”ဟူသော ခေါင်းစဉ်လေးမျိုးဖြင့် အစုအဖွဲ့ ၄ ဖွဲ့ခွဲကာ ဆွေးနွေးစေခဲ့သည်။
ယင်းသို့ အစုအဖွဲ့ ၄ ဖွဲ့ ဖွဲ့ခဲ့ပြီးနောက် အစုအဖွဲ့ ၃ တွင် အခမ်းအနားသဘာပတိအဖြစ် ဦးရဲထွဋ်အောင်က ဆောင်ရွက်ပြီး တွဲဘက်သဘာပတိများအဖြစ် ကရင်ပြည်နယ်မှ ဦးဝင်းတင်၊ တနသာင်္ရီတိုင်းဒေသကြီးမှ ဦးကျော်ကျော်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ ဒေါ်ခင်ခင်ဝင်း၊ မွန်ပြည်နယ်မှ ဒေါက်တာတိုးတိုးအောင်တို့က ဆောင်ရွက်ကြပြီး သဘာပတိ ဦးရဲထွဋ်အောင်မှ အမှာစကားပြောကြားခဲ့သည်။

အစုအဖွဲ့ ၃ ၏ ဆွေးနွေးရမည့် “လူငယ်နှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ အခန်းကဏ္ဍ”ဟူသော ခေါင်းစဉ်အရ ဆွေးနွေးသွားကြရမည်ဖြစ်ရာ အဆိုပါခေါင်းစဉ်နှင့်ပတ်သက်၍ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့/အနောက်) မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့မှ တက်ရောက်လာကြသော လူငယ်များအစုအဖွဲ့တို့မှ တိုင်းနှင့် ပြည်နယ်အလိုက် အသီးသီး ဆွေးနွေးခဲ့ကြပြီး ပထမပိုင်းအစီအစဉ်အား ခေတ္တရပ်နားခဲ့ကြသည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း/မြောက်ပိုင်း/အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေတို့မှ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် သဘာပတိမှ ပါတီဝင်လူငယ်များ ဆွေးနွေးမှုအပေါ် လိုအပ်ချက်များအား ဖြည့်စွက်ပြောကြားပြီး အစုအဖွဲ့ခေါင်းဆောင်များ ပြုစုထားသည့် စာတမ်း(မူကြမ်း)အား ဖတ်ကြားတင်ပြခဲ့ကြကာ အစုအဖွဲ့ဆွေးနွေးမှု အား ရုပ်သိမ်းခဲ့ကြသည်။

ပြည်သူ့ဆက်ဆံရေး