ဘုန်းတော်ကြီးကျောင်းဆောက်ရန် ကျေးရွာပြည်ခိုင်ဖြိုးပါတီ ငွေလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် အလုံအုပ်စု အလုံမြောက်ရွာတွင် ဘုန်းတော်ကြီးကျောင်း တည်ဆောက် ရန်အတွက် ရပ်မိရပ်ဖများ၊ ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီဝင်များက ဆောင်ရွက်လျက်ရှိသည်။

kyankhin

ယခုလ ၁ ရက် နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်းတည်ဆောက်ရေးကော်မတီဝင် အလုံကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူး ဦးပေါ်ထံသို့ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့က အလှူငွေ ကျပ် ၅ဝဝဝဝ လှူဒါန်းရာ တည်ဆောက်ရေး ကော်မတီဝင် ဦးပေါ်က လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။


Leave a Reply