သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့ ဆီမီးတစ်ထောင် လှူဒါန်းပူဇော်

 

သီတင်းကျွတ်လပြည့် နေ့ (အဘိဓမ္မာ အခါတော်နေ့  ) ည (၁၉.း ၀၀)နာရီ အချိန်တွင် တာချီလိတ်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများ စုပေါင်းပြုလုပ်သည့် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ခြင်း
ကို တာချီလိတ်မြို့၊ ရွှေတိဂုံစေရင်ပြင်တွင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည် ။

အဆိုပါဆီမီးတစ်ထောင်ပူဇော်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ ၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ် ကော်မတီဝင်များဖြစ်သည့် ဦးစိုးကျော်အောင်၊ ဦးခင်မောင်လွင် ၊ ပါတီလူငယ်ခေါင်းဆောင် ဦးခင်မောင်တင့်နှင့် ပါတီလူငယ်များ၊ပါတီအမျိုးသမီး အဖွဲ့အင်အား(၂၀) ဦးတက်ရောက် ပါဝင်ပြီး ဆီမီးပူဇော်ခြင်း၊ မီးပုံးများ လွှင့်တင်ခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

crd;