မစ်ဒယ်ဝိတ်ချန်ပီယံ ဂိုလော့ဗ်ကင်နှင့် အယ်ဗာရက်ဇ်တို့ပွဲ၌ သရေကျ

 

စက်တင်ဘာ ၁၆ ရက်ညက ထိုးသတ်ခဲ့သော ဂို လော့ဗ်ကင်နှင့် အယ်ဗာရက်ဇ်တို့ ပွဲတွင် အနိုင်၊ အရှုံးမပေါ်ဘဲ သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့ပြီး ဂိုလော့ဗ်ကင်က မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်များကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။

၁၂ ချီပွဲတွင် လက်ဝှေ့သမား နှစ်ဦးစလုံးသည် တစ်ဦးနှင့် တစ်ဦးအလဲထိုး (သို့မဟုတ်) အပြင်းအထန် နာကျင်အောင် မထိုးသတ်နိုင်ခဲ့သော်လည်း ဦးခေါင်းကို ပြင်းထန်သည့် လက်သီးချက်များ အပြန်အလှန် ထိအောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် ပရိသတ်များကစိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့ကြသည်။

ပထမဆုံးသုံးချီတွင် အယ် ဗာရက်ဇ်က အသာရခဲ့ပြီး အ လယ်အချီများတွင် ဂိုလော့ဗ်ကင်က စိုးမိုးနိုင်ခဲ့သည်။ သို့သော် အယ်ဗာရက်ဇ်က နောက်ဆုံးချီတွင် ပြန်လည်အသာစီးရအောင် ထိုးသတ်နိုင်ခဲ့သဖြင့် ယင်းကဲ့သို့ သရေရလဒ်ထွက်ပေါ်ခြင်းဖြစ်သည်။

‘ခုနစ်ချီ၊ ရှစ်ချီလောက်တော့ အသာလေးအနိုင်ရခဲ့ပါတယ်။ ကြိုးဝိုင်းထဲမှာ ကျွန်တော်က သာ ပါတယ်’’ဟု ၅၂ ပွဲတွင် ပြိုင်ဘက် များကို ၃၄ ပွဲ အလဲထိုးခဲ့သူ အယ် ဗာရက်ဇ် (၂၇)နှစ်က ပြောသည်။

‘‘ဒီနေ့မှာ လူတွေက ကျွန်တော့်ကို သရေပဲပေးခဲ့ပါတယ်။ လက်ဝှေ့ထိုးသတ်တာကို အာရုံစိုက်ထားပါတယ်။ ကျွန်တော်ရ ထားတဲ့ ခါးပတ်တွေကိုကြည့်ပါ။ ကျွန်တော်ဟာ ချန်ပီယံဖြစ်နေဆဲ ပါ။ ရှုံးပွဲလည်းမရှိပါဘူး’’ဟု ဂို လော့ဗ်ကင် (၃၅)နှစ်က ပြောသည်။

ဂိုလော့ဗ်ကင်သည် ယခုပွဲ အပါအ၀င် ၃၉ ပွဲ ထိုးသတ်ခဲ့ရာ ရှုံးပွဲမရှိသေးဘဲ ပြိုင်ဘက်များကို ၃၃ ပွဲ အလဲထိုးနိုင်ခဲ့သူဖြစ်ပြီး WBA၊ WBC နှင့် IBF မစ်ဒယ် ၀ိတ်တန်းချန်ပီယံဆုများ ဆွတ်ခူးထားသည်။ ၎င်းတို့ နှစ်ဦး မကျေပွဲနွှဲမည်ဟု ပြောသည်။

-Ref:ap