ATP နှင့် WTP အဆင့်သတ်မှတ်ချက်တွေမှာ ဂျိုဂိုဗစ်နှင့် ခါဘာတို့ ထိပ်ဆုံးမှာ အသီးသီး ရပ်တည်

wefwefowejfowejofwe

(ဓာတ်ပုံ – အီးပီအေ)

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) နှင့် အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTP) တို့ရဲ  အဆင့်သတ်မှတ်ချက်များအရ ဂျိုဂိုဗစ်နှင့် အန်ဂျလီကေး ခါဘာတို့ဟာ ထိပ်ဆုံးအဆင့်မှာ အသီးသီး ရပ်တည်နေတယ်လို့ သိရပါတယ်။

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (ATP) ရဲ့ အဆင့်သတ်မှတ်ချက်များအရ ဆားဗီးယားတင်းနစ်ကစားသမား ဂျိုဂိုဗစ်က ရမှတ် (၁၄.၀၄၀) ဖြင့် ကမ္ဘာ့နံပါတ် (၁) နေရာကို ဆက်လက် ဦးဆောင်နေတယ်လို့ တနင်္လာနေ့က ATP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အန်ဒီမာရေးက ဒုတိယနေရာ၊ ဆွစ်ဇလန်တင်းနစ်သမား ဝေါ်ရင်ကာက တတိယနေရာ အသီးသီး ရပ်တည် နေပါတယ်။

ထို့အတူ အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲရဲ့ အဆင့်သတ်မှတ်ချက်အရ ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်ဆွဲခဲ့တဲ့ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာက ရမှတ် (၈.၇၃၀) ဖြင့် ဦးဆောင်နေတယ်လို့ သိရပါတယ်။

အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံက ရမှတ် (၇.၀၅၀) ဖြင့် ဒုတိယနေရာ၊ သူ့နောက်မှာတော့ စပိန်တင်းနစ်မယ် မူဂူရူဇာက တတိယနေရာမှာ ရှိနေပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

(၁) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၁၄.၀၄၀

(၂) အန်ဒီ မူရေး (စကော့တလန်) ရမှတ် ၉.၃၄၅

(၃) ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၆.၂၆၀

(၄) နာဒါးလ် (စပိန်) ရမှတ် ၄.၉၄၀

(၅)  နီရှီကိုရီ (ဂျပန်) ရမှတ် ၄.၈၇၅

(၆) ရာအိုနစ် (ကနေဒါ) ရမှတ် ၄.၇၆၀

(၇) ဖက်ဒါရာ (ဆွစ်ဇလန်) ရမှတ် ၃.၇၃၀

(၈) မွန်ဖေးလ် (ပြင်သစ်) ရမှတ် ၃.၅၄၅

(၉) သောမတ် ဘာဒက်ခ် (ချက်) ရမှတ် ၃.၃၉၀

(၁၀) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃.၂၉၅

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

(၁) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၈.၇၃၀

(၂) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ၇.၀၅၀

(၃) မူဂူရူဇာ (စပိန်) ရမှတ် ၅.၈၃၀

(၄) ရစ်ဝမ်စ်ကာ (ပိုလန်) ရမှတ် ၅.၈၁၅

(၅) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ရမှတ် ၄.၈၀၁

(၆) ပလစ်ဆကိုဗာ (ချက်) ရမှတ် ၄.၄၂၅

(၇) ဗီးနစ် ဝီလျံစ် (အမေရိကန်) ရမှတ် ၃.၈၁၅

(၈) ကာလာ ဆွာရက်ဇ် (စပိန်) ရမှတ် ၃.၃၃၀

(၉) မာဒီဆန် ကီးစ် (အမေရိကန်) ရမှတ် ၃.၂၈၆

(၁၀) ကက်ခ်နက်ဇီဗာ (ရုရှား) ရမှတ် ၃.၂၅၀

Ref; EFE_EPA


Leave a Reply