အကြမ်းဖက်တိမ်းရှောင်သူများ နေရပ်ကျန်နေသူများ တိုက်ခိုက်ခံရမှု ကြောင့် ဒဏ်ရာရရှိသူများအား ပြည်ခိုင်ဖြိုးပါတီ ဝိုင်းဝန်းကူညီကယ်ဆယ် မှုများ ဆောင်ရွက်

 

သြဂုတ် ၂၅ ရက်မှ စတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ၌ ဘင်္ဂါလီအကြမ်းဖက်များက ဒေသခံတိုင်းရင်းသားများအား တိုက်ခိုက်မှုဖြစ် စဉ်များ ဖြစ်ပွားခဲ့သော ကြောင့် ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာပြီး မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်နှင့် စစ်တွေမြို့များရှိ ကယ်ဆယ်ရေးစခန်းများသို့ ခိုလှုံလာကြ ရာ ဘူးသီးတောင်မြို့နှင့် မြို့နယ် ကျေးရွာများအတွင်း အကြမ်းဖက်တိမ်းရှောင်သူများ၊ နေရပ်ကျန်နေသူများ၊ တိုက်ခိုက်ခံရမှု ကြောင့် ဒဏ်ရာရရှိသူများအား ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်နှင့်ပြည်နယ်၊        မြို့နယ် ပါတီတို့က အကူအညီလိုအပ်လျက် ရှိသော ဒေသခံတိုင်းရင်းသား များ အားဝိုင်းဝန်းကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးလျက် ရှိကြသည်။

အကြမ်းဖက်ဖြစ်စဉ် စတင်ဖြစ် ပွားသည့် သြဂုတ် ၂၅ ရက်နောက် ပိုင်း ၂၆ ရက်တွင် ဘူးသီးတောင် မြို့ ပြည်ခိုင်ဖြိုးပါတီမှ ရွှေကျင်ဘုန်းတော်ကြီး ကျောင်း၊ လမ်မကျောင်း၊ မြို့ဦးကျောင်းနှင့်      ပြည်ခိုင်ဖြိုးပါတီရုံးအတွင်း ဖွင့်လှစ် ထားသော ကယ်ဆယ်ရေးစခန်း များသို့ ဆန်အိတ် ၁၅ အိတ်၊ သြဂုတ် ၃ဝ ရက်တွင် ပြည်ခိုင်ဖြိုး ပါတီရုံးနှင့်ဘုန်းတော်ကြီးကျောင်း၊ အစိုးရ စာသင်ကျောင်းရှိ ဘေး ရှောင်သူများသို့ ဆန်အိတ် ၄ဝ၊ ယခုလ ၆ ရက်တွင် အလက(၂) ကယ်ဆယ်ရေးစခန်းသို့ ဆန်နှင့် ကွေကာအုပ်များ လှူဒါန်းခဲ့ကြောင်း မြို့နယ်ပါတီဥက္ကဋ္ဌဦးကျော်စွာသိန်း က ပြော သည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီဌာန ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင် ဦးထွေးလှက ယခုလ ၇ ရက်တွင် ဘူးသီးတောင် အလို တော်ပြည့် ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ ဆန်အိတ် ၂ဝ နှင့် မြို့နယ်ပါတီမှ နေရပ်ကျန် ပြည်သူများရှိရာ ရွာလေးရွာသို့ ဆန် ၁၆ အိတ်၊ ယခုလ ၈ ရက်တွင် ဇင်ချောင်ရွာသို့ ဆန်ငါးအိတ်နှင့် စားသောက်ကုန် ရိက္ခာများ၊ အလားတူ ဒုံးသိမ်ဘုန်းတော်ကြီးကျောင်း နှင့်ဒုံးသိမ်ရွာ၊ ဘဒကားရွာ၊ခုန်းတိုင် ရွာများ၌ မတိမ်းရှောင်ဘဲ ကျန်နေသူ ရပ်သူရွာသား များသို့ ဆန် ခြောက်အိတ်နှင့်အစားအသောက် စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်ပါတီ အတွင်းရေးမှူး၏ ပြောကြား ချက်အရ သိရသည်။

ယမန်နေ့တွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံ ယူလျက်ရှိ သော အမျိုးသမီး တစ်ဦး၊ ကလေးငယ်တစ်ဦးတို့နှင့် ဟိန္ဒူလူမျိုးများအား ပြည်နယ် ပါတီနှင့် မြို့နယ်ပါတီတို့ ပူးပေါင်း၍ အဝတ်အထည်နှင့် ငွေကြေးများ သွားရောက်လှူဒါန်းခဲ့ကာ တောင်ဘဇာတိုက်နယ် အိမ်ထောင်စု ၉၄ စု လူဦးရေ ၃၅၂ ဦး၊ ကထိလှ ကျေးရွာလူဦးရေ ၁၂၅ဝ တို့ အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်နှင့် ဘူးသီးတောင် ပြည်ခိုင်ဖြိုးပါတီ တို့ပူးပေါင်း၍ ငွေကျပ် ၅ဝဝဝဝဝ တို့အား မိမိတို့ လက်လှမ်းမီ တတ် နိုင်သလောက် ပြည်သူ့အခက်အခဲများကို ဝိုင်းဝန်းကူညီထားကြောင်း ဘူးသီးတောင်ပါတီဥက္ကဋ္ဌ ဦးကျော် စွာသိန်း၏ ပြောကြားချက်အရ သိရသည်။

သာလှ(ပျဉ်းမနား)