ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အဖွဲ့ဝင်များ မိုးကုတ်​မြို့ရှိ သမိုင်းဝင်​တန်​ခိုးကြီးဘုရားများအား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ အလှူ​ငွေများအား ​လှူဒါန်းပူဇော်

 

မိုးကုတ်၊ စက်တင်ဘာ ၂၃

မန္တ​လေးတိုင်း​ဒေသကြီး၊ပြင်​ဦးလွင်​ခရိုင်​၊မိုးကုတ်​မြို့သို့ ​ရောက်​ရှိ​နေ​သော ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ ယမန်​​နေ့နံနက်​၁၁နာ ရီ၃၀မိနစ်​ခန့်​က မိုးကုတ်​မြို့ရှိ သမိုင်းဝင်​တန်​ခိုးကြီးဘုရားများဖြစ်​သော ​ဖောင်​​တော်​ဦးဘုရားနှင့်​ချမ်းသာကြီးဘုရား တို့အား ဖူး​မျှော်​ကြည်​ညိုကန်​​တော့၍ ​ဂေါပကအဖွဲ့များထံသို့ အလှူ​ငွေများ ​ပေးအပ်​လှူဒါန်းခဲ့သည်​။

ထို့​နောက်​ ပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​အဖွဲ့သည်​ မိုးကုတ်​မြို့နယ်​ ကသဲ​ကျေးရွာအုပ်​စု ခြ​င်္သေ့​ရေရပ်​ရှိ သီရိမင်္ဂလာ စွမ်​မွန်​​ကျောင်းတိုက်​သို့ သွား​ရောက်​၍ တိုက်​အုပ်​ဆရာ​တော်​ဘဒ္ဒန္တပဏ္ဏိတအား ဖူး​မျှော်​ကြည်​ညိုကန်​​တော့ကာ လှူ ဖွယ်​ပစ္စည်းနှင့်​အလှူ​ငွေများအား ဆက်​ကပ်​လှူဒါန်းခဲ့ကြပြီး စေတီတော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးမှတ်တမ်းတင်ခဲ့ကြသည်။

ထိုသို့လှူဒါန်းရာသို့ ပါတီဥက္ကဋ္ဌဦးသန်း​ဌေးနှင့်​​ဇနီး ဒေါ်စိုးဝတ်​ရည်​၊ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီဗဟိုအလုပ်​အမှု​ဆောင် မန္တ​လေးတိုင်း​ဒေသကြီးနယ်​ ​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​နှင့်​ ဇနီး​ဒေါ်လင်းလင်းတင်​၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီးပါတီ
ဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဋ္ဌ ဦးဝင်းကြည်​နှင့်​ ခရိုင်​ပါတီ​ကော်​မတီဝင်​များ၊ ရှမ်းတိုင်းရင်းသားလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိုင်း​အောင်​ကြည်​၊ မိုးကုတ်​မြို့နယ်​ပါတီဥက္ကဌ ဦး​ဘ​ဌေးနှင့်
မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ပါတီဝင်​များ လိုက်​ပါခဲ့​ကြသည်​။