ကမ္ဘာတစ်ဝန်းလည်ပတ်ရန် အကောင်းဆုံးနေရာ ၁၀ ခုတွင် ပုဂံဒေသနှင့် မိုးပျံပူဖောင်းဝန်ဆောင်မှု အဆင့် (၅) ၌ ပါဝင်

ကမ္ဘာကျော်ခရီးသွားဝက်ဘ်ဆိုက် TripAdvisor ၏မိသားစုဝင်လုပ် ငန်းခွဲ ဝက်ဘ်ဆိုက် JETSETTER က ကမ္ဘာတစ်ဝန်းရှိ သွားရောက်လည်ပတ်ရန် အကောင်းဆုံးသော နေရာ၁၀ ခုကို ထုတ်ပြန်ရာ ပုဂံဒေသ နှင့် မိုးပျံပူဖောင်း ဝန်ဆောင်မှု (Balloon Over Bagan) တို့ကို အဆင့် (၅) နေရာတွင် ထည့်သွင်း ဖော်ပြထား သည်။

‘‘အခုလိုမျိုး နံပါတ် (၅) ရတဲ့ အတွက် ကုမ္ပဏီတစ်ခုတည်းအ တွက်တင်မဟုတ်ဘဲ မြန်မာနိုင်ငံအတွက်ကိုပါ ဂုဏ်ယူမိပါတယ်။ တစ်ခုခုခရီးသွားမယ်ဆိုရင် ဘယ်ကုမ္ပဏီနဲ့ သွားမယ်ဆိုတာထက် ဘယ်နိုင်ငံကို သွားမယ်ဆိုတာကို အရင်စဉ်းစားကြတာကြောင့် ပုဂံနဲ့ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို လူပိုသိအောင် ဒီလိုပံ့ပိုးပေးလိုက်နိုင်တဲ့ အတွက်လည်း အမြဲတမ်းဂုဏ်ယူ မိပါတယ်’’ဟု ပုဂံဒေသတွင် မိုးပျံ ပူဖောင်းဝန်ဆောင်မှုပေးနေသည့် Balloon Over Bagan ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ Jean Mic-hel Romon က ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ဘုရားစေတီပုထိုးများ နှင့် နေဝင်ချိန်အလှကို အပေါ်စီးက ကြည့်ရှုနိုင် သည့် Balloon Over Bagan ဝန်ဆောင်မှုကို နှစ်စဉ် အောက်တိုဘာ ၂ ရက်မှ ဧပြီ ၁၀ ရက်အထိ ဝန်ဆောင်မှု ပေးနေပြီး တစ်နှစ်လျှင် ကမ္ဘာတစ်ဝန်းမှ ခရီး သွားဧည့်သည် ၂၂,၀၀၀ ခန့်အထိ စီးနင်းလေ့ရှိကြောင်း ၎င်းက ပြော သည်။ ‘‘Balloon Over Bagan ကို စိတ်ဝင်စားတဲ့ ဧည့်သည်တော် တော်များပါတယ်။ နိုဝင်ဘာနဲ့ ဖေ ဖော်ဝါရီကြားမှာတော့
ည့်သည် တွေ အရမ်းများတယ်။ ပေးစရာ နေရာမရှိတော့လောက်အောင်ကို ပဲ။ အဲဒါကြောင့် သုံးနှစ်ကနေ စပြီး တော့ အင်းလေးမှာ စပျံတယ်။ နောက်တစ်ခုက အစိုးရရဲ့ဥပဒေအရ ဘောလုံးဘယ်နှလုံးပျံရမယ်ဆိုပြီး သတ်မှတ် ထားတဲ့အတွက် ဧည့်သည်တွေကစီးချင်တယ် ဆိုပေမယ့်လည်း ဘောလုံးတွေကိုတိုးပြီး ပျံတာမျိုး လုပ်လို့မရပါဘူး’’ဟု Jean Michel Romon က ပြောသည်။  လက်ရှိတွင် Balloon Over Bagan က မိုးပျံပူဖောင်း ၂၁ ခုဖြင့် ပုဂံဒေသ၏ရှုခင်းများကို အပေါ်စီး က ကြည့်ရှုနိုင်ရန် ကမ္ဘာတစ်ဝန်း ခရီးသွားဧည့်သည် များအား ဝန်ဆောင်မှုပေးနေသည်။