အောင်လအန်ဆန် အောင်မြင်နေရခြင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်

 

One Championship Organization ကနေ ကျင်းပပြုလုပ်နေတဲ့ MMA ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး ပြိုင်ပွဲမှာ ရွှေခါးပတ်ချန်ပီယံဘွဲ့ကို ဆွတ်ခူးထားနိုင်ခဲ့တဲ့ မြန်မာပြည်ဖွား အောင်လအန်ဆန်က ၎င်းရဲ့ အောင်မြင် နေရခြင်း လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ဇနီးနဲ့ သားလေးရဲ့ အပြုံးတွေကသာ ကျွန်တော့်အတွက် ရှေ့ဆက်ဖို့ ခွန်အားတွေပါ

“ကျွန်တော့်အောင်မြင်မှုရဲ့ အဓိက လျှို့ဝှက်ချက်ကတော့ ကျွန်တော့် မိသားစုပါပဲ။ လေ့ကျင့်ရင်း၊ ပြိုင်ပွဲတွေ ထိုးသတ်ရင်း ပင်ပန်းလာတဲ့အခါ ကျွန်တော့်ရဲ့ ဇနီးနဲ့ သားလေးရဲ့ အပြုံးတွေကသာ ကျွန်တော့်အတွက် ရှေ့ဆက်ဖို့ ခွန်အားတွေပါ။

အဲ့ဒီအတွက် အားလပ်ချိန်တွေကို မိသားစုအတွက် အချိန်ပေးပြီး အားအင်တွေ ဖြည့်ရင်း ကြိုးစားနေပါတယ်။” လို့ အောင်လအန်ဆန်က ၎င်းရဲ့ လူမှုကွန်ရက်မှာ ထုတ်ဖော်ရေးသားခဲ့ပါတယ်။

ဒ့ါအပြင် “ကျွန်တော် အောင်မြင်မှုတွေရဖို့ ဆာလောင်မွတ်သိပ်စွာနဲ့ အမြဲကြိုးစားနေပါတယ်။ အောင်မြင်ချိန်ပါ မက ရှုံးနိမ့်ချိန်မှာပါ အမြဲ အားပေးနေတဲ့ ကကျွန်တော့် ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ။”လို့ အောင်လက ထပ်မံရေးသား ဖော်ပြထားပြန်ပါတယ်။

လက်ရှိအချိန်မှာတော့ One Championship နဲ့ ၃ နှစ်စာချုပ် ထပ်မံ ချုပ်ဆိုထားနိုင်ပြီဖြစ်တဲ့ အောင်လအန်ဆန် အနေနဲ့ ယခုနှစ်ထဲတွင် ခါးပတ်လု စိန်ခေါ်ပွဲထိုးဖို့ ရှိလာနိုင်ပြီး တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ပြိုင်ပွဲကနေ အနိုင်ရသူအနေနဲ့ အောင်လအန်ဆန်ကို စိန်ခေါ် ထိုးသတ်နိုင်မှာလည်း ဖြစ်ပါတယ်။

Duwun sport

Source- Aung La N Sang Facebook