လာမည့်ရာသီ ယူ ၁၈ အသင်းရဲ့နည်းပြအဖြစ် ဂျာရတ်တာဝန်ယူမှာ ဖြစ်တယ်လို့ အတည်ပြုလိုက်တဲ့ လီဗာပူး

လီ​ဗာပူးဟာ လာမည့်​ရာသီ အသင်း​ခေါင်း​ဆောင်​​ဟောင်း စတီ​ဗင်​ဂျာရတ်​ဟာ ယူ၁၈အသင်းကို တာဝန်​ယူ ကိုင်တွယ်တော့မှာဖြစ်​တယ်​လို့ အတည်​ပြု​ ကြေငြာသွားခဲ့ပါတယ်​။

ပြီးခဲ့တဲ့​ ဖေ​ဖော်​ဝါရီက လီ​ဗာပူးအကယ်​ဒမီ နည်းပြဖြစ်​လာခဲ့တဲ့ ကလပ်​ရဲ့ဂန္တဝင်​ ကစားသမားဂျာရတ်​ဟာ ယူ ၁၈ အသင်းရဲ့ နည်းပြဖြစ်​လာ​တော့မယ်​လို့ ဧပြီလ အ​စောပိုင်းကသတင်း​တွေ ထွက်​​ပေါ်ခဲ့ပြီး လီဗာပူး နည်းပြ ယာဂန်​က​လော့ကလည်း အင်္ဂလန်​အသင်း​ခေါင်း​ဆောင်​​ဟောင်းအ​နေနဲ့ လာမည့်​ရာသီရာ အပြောင်း အလဲရှိတယ်​လို့ အတည်​ပြုခဲ့ပါ​သေးတယ်​။

လက်​ရှိမှာ​တော့ လီဗာပူးအသင်းဘက်​က အဆိုပါသတင်းကို အတည်​ပြု​ကြေငြာသွားခဲ့ပြီး စတီ​ဗင်​ဂျာရတ်​ဟာ လီ​ဗာပူးအသင်းမှာ ၁၇ နှစ်​ကြာ ကစားခဲ့ပြီး ပွဲ​ပေါင်း ၇၁၀မှာ သွင်းဂိုး ၁၈၆ဂိုး သွင်းယူခဲ့ကာ ကလပ်​အသင်းအတွက်​အဓိက ဆုဖလားကြီးကိုးလုံး ဆွတ်​ခူး​ပေးခဲ့ပါတယ်​။

ဂျာရတ်​ဟာ လီ​ဗာပူးယူ၂၃အသင်းကို တာဝန်​ယူမှာဖြစ်တဲ့ နည်းပြ​ နေးလ်​ခရစ်​ချ​လေရဲ့​နေရာကို အစားထိုး မှာ ဖြစ်ပါတယ်​။

Ref ; Sky Sports