တရုတ်အီဂျစ် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောက်မည်

ရှမိန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် အီဂျစ်နိုင်ငံ၏ ဖွံ့ ဖြိုးတိုးတက်မှု အရှိန်အဟုန် နှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် အစဉ်အားပေးထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အီဂျစ်နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်နိုင်ငံဆက်ဆံရေး တည်ဆောက်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အရှေ့ တောင်ပိုင်း ရှမိန်မြို့ ၌ ပြုလုပ်သည့် ဖွံ့ ဖြိုးဆဲနိုင်ငံများ နှင့် ဈေးကွက်ဖော်ဆောင်မှု ဆွေးနွေးပွဲအတွင်း အီဂျစ်နိုင်ငံသမ္မတ Abdel-Fattah al-Sisi အား တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

  (Xinhua)