စိုက်ပျိုးထားသည့်ခရေပင်များ ရှင်သန်ရေးဒဂုံအရှေ့ပြည်ခိုင်ဖြိုး လူငယ်များစုပေါင်း လုပ်အားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီလူငယ်ကော်မတီမှဦးဆောင်၍ ခရိုင်စည်းရုံးရေးနယ်မြေအတွင်းရှိ မြို့နယ်များမှ လူငယ်     ကော်မတီဝင်များသည် လစဉ်၊အပတ်စဉ် လူငယ်နေ့ (Youth Day) အရ ယနေ့ မွန်းလွဲ ၂နာရီ ခွဲ တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ဒဂုံတက္ကသိုလ်အနီးရှိ ရွှေပေါက်ကံ္က တံတားအဆင်း   ကျန်စစ်သားလမ်းမ ကြီးဘေးတွင် စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လူငယ်စုပေါင်းလုပ်အားပေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းပါတီကော်မတီဝင် (နယ်မြေတာဝန်ခံ) ဒေါက်တာကျော်စိုးနှင့် ဒေါ်အေးအေးမြင့်၊ ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် ကော်မတီဝင် (လူငယ် တာဝန်ခံ) ဒေါ်ဇာခြည်လင်း၊နယ်မြေခံဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင် နှင့်အတွင်းရေးမှူး     ဦးလှမျိုးတို့ ဦးဆောင်၍ ရန်ကုန်(အရှေ့ပိုင်း) ခရိုင် ၁၄ မြို့နယ်မှ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်လူငယ်ရေးရာတာဝန်ခံများ၊ လူငယ်ပါတီဝင်များ စုစုပေါင်း အင်အား ၈ဝ ဖြင့် ကမ္ဘာကြီးပူနွေးလာမှုတွင် မြန်မာ နိုင်ငံသည်လည်းပါဝင်နေသည်ဖြစ် ၍ ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် အစိမ်းရောင်ထုထည်(Green Volume) ကြီးမားလာစေရန် ရည်ရွယ်၍ယခုနှစ် ဇွန်လ ၂၅ ရက်     မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲနေ့တွင် စိုက်ပျိုးခဲ့သည့် ခရေပင် များအား ထာဝစဉ်ရှင်သန်နေစေရန်ရည်ရွယ်၍ သစ်ပင်များအားကိုင်းထောက် ခြင်း၊ မြက်ရှင်းခြင်း၊မြေစာစုပေး ခြင်းများကို ညနေ ၅ နာရီအထိ စုပေါင်းလုပ်အားပေးဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

စိုးမိုး(ဒဂုံအရှေ့)