သုံးခွမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ အာဟာရ မုန့်ထုပ်များလှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်သုံးခွမြို့နယ်ပြ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ကော်မတီဝင်က ယမန်နေ့ နံနက် ၁ဝ နာရီတွင် အလန်းကုန်းကျေးရွာ အုပ်စု စစ်ကိုင်းစုကျေးရွာနှင့် နဘဲကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား ကျာင်းသူများအား ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ အာဟာရမုန့်ထုပ်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းသို့ ကျောင်းသုံးဗလာ စာအုပ်များနှင့် စာရေးကိရိယာများသွားရောက်လှူဒါန်းရာသို့ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်၊ တိုက်နယ်တာဝန်ခံ ဦးကျင်ဝင်င်း၊ မြို့နယ်ပါတီကော်မတီဝင်ဦးသောင်းအေး၊ ဦးသိန်းအောင်၊ ဦးကြည်ဝင်းတို့က ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၅ဝ၊ဘော့လ်ပင်များ၊ခဲတံများ၊အာဟာရမုန့်ထုပ်များကို ညောင်လန်းကုန်းကျေးရွာအုပ်စု စစ်ကိုင်းစုကျေးရွာ အခြေခံပညာမူလတန်း ကျောင်းမှကျောင်းသား ကျောင်းသူ ၆၅ဦးအတွက် ကျောင်းအုပ်ဆရာကြီးဒေါ်မေသန္တာအောင်ထံသို့လည်းကောင်း၊ နဘဲကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ ၃၅ ဦး အတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းမြင့်ထံသို့လည်းကောင်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကြည်စိုးလွင်(သုံးခွ)