ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ရခိုင်အရေးဆွေးနွေးရန် ဗြိတိန်တောင်းဆို

 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် ထည့်သွင်းဆွေးနွေးရန် ဗြိတိန်က တိုက်တွန်း တောင်းဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိနယ်ခြားစောင့် လုံခြုံရေးစခန်းများကို အကြမ်းဖက်သမားများ စီးနင်းတိုက်ခိုက်ရာ လုံခြုံရေး အရာရှိများကျဆုံးခဲ့သည်။ နောက်ဆက်တွဲ အနေဖြင့် ပဋိပက္ခမြင့်တက်လာပြီး တပ်မတော်က နယ်မြေ ရှင်းလင်းမှု စစ်ဆင်ရေးများစတင်နေသည်။

ရှုပ်ထွေးနေသော အခြေအ နေများအတွင်း ဒေသခံပြည်သူ အများအပြား နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး နိုင်ငံရပ်ခြား မီဒီယာအချို့က ဘင်္ဂါလီများ ဖိနှိပ်ခံနေရကြောင်း စွပ်စွဲဖော်ပြခဲ့ သည်။  ရခိုင်ပြည်နယ်တွင် အရပ်သားများပါ သတ်ဖြတ်ခံနေရကြောင်း သတင်းများနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီတွင် တင်ပြညှိနှိုင်း ဆွေးနွေးနိုင်ရန် တိုက်တွန်းမည်ဟု ဗြိတိန်က သြဂုတ် ၂၉ ရက်တွင် အတည်ပြုသည်။ ဗြိတိန်၏ ကုလသမဂ္ဂ ဆိုင်ရာသံအမတ်ကြီး မက်သရူးရိုင်းခရော့ဖ်ကလည်း ရခိုင်တွင် ကာလရှည်ကြာ ဖြစ်ပွားနေသော ကိစ္စရပ်များကို ဆွေးနွေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဗြိတိန်က တိုက်တွန်းကြောင်းနှင့် ယခု ဖြစ်ရပ်၌ ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းတိုင်း အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တောင်းဆိုကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။ ကုလ သမဂ္ဂလုံခြုံရေးသည် ညီလာခံအစည်းအဝေးကို သြဂုတ် ၃၀ ရက် (ယင်းအချိန်သည် နယူးယောက် မြို့ စံတော်ချိန်ဖြစ်သည်) တွင် ပြုလုပ်နေသည်။