မေ၀ဲလ်သာနဲ့ UFC ချန်ပီယံ မက်ဂရီဂေါတို့ လာမဲ့ ၂၆ ရက်နေ့မှာ ထိုးသတ်မယ်

ကမ္ဘာကျော်လက်ဝှေ့သမားဖြစ်တဲ့ မေ၀ဲလ်သာနဲ့ UFC ဘက်စုံသုံး ကိုယ်ခံပညာ ချန်ပီယံ မက်ဂရီဂေါတို့ဟာ လာမဲ့ သြဂုတ်လ ၂၆ ရက်နေ့ တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံ လတ်စဗီးဂတ်စ်မြို့က T-Mobile arena မှာ ထိုးသတ်ကြမှာဖြစ်ပါတယ်။

ကမ္ဘာတလွှားက လက်ဝှေ့ ၀ါသနာရှင်တွေ စိတ်ဝင်စားနေကြတဲ့ ဒီပွဲဟာ လက်ဝှေ့သမိုင်းမှာ ဆုကြေးအများဆုံး ပြိုင်ပွဲလည်း ဖြစ်လာမှာပါ။ တကယ်လို့ ဒီပွဲမှာ မေ၀ဲလ်သာက အနိုင်ရရှိခဲ့မယ်ဆိုရင် အမေရိကန် လက်ဝှေ့ချန်ပီယံဟောင်း မာစီယာနို တင်ထားခဲ့တဲ့ ၄၉ ပွဲရှုံးပွဲမရှိ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် အိုင်းရစ်နွယ်ဖွား မက်ဂရီဂေါဟာ UFC ရဲ့  ဖယ်သာဝိတ် ၊ လိုက်ဝိတ် ချန်ပီယံ ဆုတွေကို ရရှိထားသူလည်း ဖြစ်ပြီး မေ၀ဲလ်သာကတော့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုတွေ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ မေ၀ဲလ်သာဟာ ၂၀၁၅ ခုနစ်တုန်းက ဖိလစ်ပိုင် လက်ဝှေ့အကျော်အမော် ပတ်ကွီအိုကို ထိုးသတ် အနိုင်ရရှိခဲ့ပါတယ်။

(ဘီဘီစီ)