စင်စင်နာတီမာစတာပြိုင်ပွဲမှာ ဂျိုကိုဗစ် အနိုင်ရ

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ ကျင်းပခဲ့တဲ့ စင်စင်နာတီ မာစတာ တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ဂျိုကိုဗစ် အနိုင်ရပြီး ချန်ပီယံဆုရခဲ့ပါတယ်။ (၂၀၂၀)အတွင်း ရှုံးပွဲမရှိသေးတဲ့ ဂျိုကိုဗစ်ဟာ ဗိုလ်လုပွဲမှာ ကနေဒါနိုင်ငံသား ရာအိုနစ်နဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

(၂)နာရီကြာ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးချိန်မှာတော့ ဂျိုကိုဗစ်က (၁း၆၊၆း၃၊၆း၎)နဲ့ အနိုင်ရခဲ့တာပါ။ ဆီမီးဖိုင်နယ်တုန်းက ပထမပွဲလတ်အရှုံးကနေ လိုက်ကစားခဲ့ရတဲ့ ဂျိုကိုဗစ်ဟာ အခုပွဲမှာလည်း ပထမပွဲလတ် ရှုံးခဲ့ပေမယ့် နောက်ကလိုက်ကစားပြီး အနိုင်ပြန်ရခဲ့တာ ဖြစ်ပါတယ်။

အခုနိုင်ပွဲကြောင့် ဂျိုကိုဗစ်ဟာ မာစတာ(၁၀၀)စီးရီးပြိုင်ပွဲတွေမှာ (၃၅)ခုမြောက် ချန်ပီယံဆုကို ရခဲ့တာဖြစ်ပြီး စပိန်တင်းနစ်သမား နာဒယ်ရဲ့ ချန်ပီယံအများဆုံးရတဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ ဒါ့အပြင် ဂျိုကိုဗစ်ဟာ ရာအိုနစ်နဲ့ဆုံတွေ့တိုင်း မရှုံးနိမ့်ခဲ့ဖူးတဲ့ မှတ်တမ်းကိုလည်း ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။