ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး (၂/၂ဝ၁၇)ဒုတိယနေ့ ဆက်လက်ကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂ဝ၁၇) အစည်းအဝေးဒုတိယနေ့ကို ပါတီဌာနချုပ် အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ဆက်လက်ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌများ၊ ဌာနကြီးများ၏တာဝန်ခံများ၊ ရေးရာကော်မတီတာဝန်ခံများနှင့် တာဝန်ရှိသူများက မိမိတို့နှင့်သက်ဆိုင်သော လုပ်ငန်းကိစ္စအခြေအနေများကို တင်ပြကြသည်။ တင်ပြချက်များအပေါ် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းတို့က လိုအပ်ချက်များ ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြော ကြားကာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် အစည်းအဝေးပြီးဆုံးခဲ့သည်။
အစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပါတီဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ပါတီဥက္ကဋ္ဌ၏အမှာစကားပြောကြားချက်များမှ ကောက်နုတ်ချက်များကို သီးခြားဖော်ပြထားပါသည်။