ပါတီဝင်စိစစ်ရေး ပါတီဝင်ကြေးကောက်ခံရရှိရေးနှင့် ခရိုင်ရုံးဖွင့်လှစ်နိုင်ရေးညှိနှိုင်းဆွေးနွေး

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့် ဘလူခရိုင် ကန့်ဘလူမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ ယမန်နေ့နံနက် ၁ဝ နာရီ က ပါတီဝင်အင်အားပြန်လည်စိစစ် ရေး၊ ပါတီဝင်ကြေးကောက်ခံရရှိ ရေးနှင့် ကန့်ဘလူခရိုင် ပြည်ခိုင်ဖြိုး ပါတီရုံးဖွင့်လှစ်နိုင်ရေး ရှေ့လုပ်ငန်း စဉ်ငါးရပ်ဆောင်ရွက်နိုင်ရေး လစ် လပ်မြို့နယ်ပါတီအလုပ်အမှုဆောင် ကော်မတီဝင် အမျိုးသမီးတစ်ဦး အစားထိုးခန့်ထားနိုင်ရေးတို့ကို မြို့ နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် မြို့နယ်အလုပ်အမှုဆောင်ကော် မတီ ၁၅ ဦးတို့ တက်ရောက်ဆွေး နွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ် ပါတီဥက္ကဋ္ဌဦးသန်းစိန်က မြို့နယ် ပါတီဝင်အင်အားစာရင်းများ ပြန် လည်စိစစ်ခြင်းလုပ်ငန်းများဆောင် ရွက်ကြရန် အရေးကြီးကြောင်း၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်ငါးရပ်အနေ နှင့် ပါတီဝင်ကြေးကောက်ခံရရှိ ရေး၊ အမာခံပါတီဝင်များတည် ဆောက်ရေး၊ပါတီရန်ပုံငွေများစနစ် တကျသုံးစွဲရေးရုံးလုပ်ငန်းများ စဉ် ဆက်မပြတ်ဆောင်ရွက်နိုင်ရေး မြို့ နယ် ပါတီဝင်အချင်းချင်း စည်းလုံး ညီညွတ်စွာဆောင်ရွက်ကြရန် လို အပ်ကြောင်း၊ မေလအတွင်းခရိုင် ပါတီရုံးဖွင့်လှစ်နိုင်ရေးစီမံချက်ရေး ဆွဲရန်လိုအပ်ကြောင်း၊ ရုံးလုပ်ငန်း များ ထဲထဲဝင်ဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းဆွေးနွေးပြောကြား သည်။
ထို့နောက် အတွင်းရေးမှူး ဦးမင်းဇော်က မြို့နယ်ပါတီဝင်အင် အားစိစစ်ရာတွင် မိမိတို့တိုက်နယ် အလိုက် ကျေးရွာစည်းမှူးများ၊ အဖွဲ့ဝင်များနှင့်စိစစ်ဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊ပါတီဝင်အမာခံ ငါးဦးစာရင်းတွင် ရေးရာအသီးသီး မှအဖွဲ့ဝင်များ ပါတီဝင်ဖြစ်ရန်လို ကြောင်း၊ ခရိုင်ပါတီဖွင့်ပွဲအတွက် လိုအပ်သည့်စီမံချက်ရေးဆွဲပြင်ဆင် ရန်အတွက် ဖိတ်ကြားရေး၊ အခမ်း အနားပြင်ဆင်ရေး၊ ကြိုဆိုနေရာချ ထားရေး၊ ဧည့်ခံကျွေးမွေးရေးတို့ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊လစ် လပ်သောမြို့နယ်ပါတီအလုပ်အမှု ဆောင်ကော်မတီဝင် အမျိုးသမီး တစ်ဦးအား မြို့မတိုက်နယ်မှပြန် လည်စိစစ်ရွေးချယ်ရန် လိုအပ် ကြောင်း ဆွေးနွေးသည်။

ယင်းနောက်မြို့နယ်အလုပ်အမှု ဆောင်ကော်မတီဝင်များက ကဏ္ဍ အသီးသီးအတွက် အကြံပြုဆွေး နွေးတင်ပြကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)