လူတိုင်းစမ်းကြည့်သင့်တဲ့ စမတ်ဖုန်းတွေရဲ့အသုံးဝင်ပုံ (၄) မျိုး

ဖုန်းတစ်လုံး ရလိုက်ပြီဆိုတာနဲ့ စာရိုက်တာ၊ ဗီဒီယိုတွေကြည့်တာနဲ့ မိမိနှစ်သက်ရာ Applicationတွေကို အသုံးပြုကြပါတယ်။ ဒါ့အပြင် ထပ်မံစမ်းသပ်ကြည့်သင့်တဲ့ အသုံးဝင်မှုလေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်။

 

၁။ SD Card အသုံးပြုခြင်း

Android ဖုန်းတွေမှာဆိုရင် SD Card ထည့်သွင်းနိုင်မယ့် အပေါက်လေး တစ်ပေါက်ပါရှိပါတယ်။ ဖုန်းထဲ မှာလည်း မာမိုရီနေရာလွတ်တွေရှိနေပေမဲ့ ပြည့်သွားတဲ့အခါကျ SD Card ထဲကို အကူးအပြောင်းလုပ်နိုင် ပါတယ်။ ဥပမာအားဖြင့် သီချင်းတွေ၊ ဓာတ်ပုံတွေပါပဲ။ တခြားဖုန်းတစ်ခု ပိုင်ဆိုင်လာခဲ့ရင်တောင် အဲဒီ SD Card နဲ့ပဲ ထပ်မံအသုံးပြုနိုင်ပါသေးတယ်။

၂။ Safe Mode အသုံးပြုပြီး Restart/Reboot ပြုလုပ်ခြင်း

ဘယ်လိုမျိုး Restart/Reboot ပြုလုပ်ရမယ်ဆိုတာမသိရင် တချို့ Application တွေဟာ သုံးလို့မရဖြစ်တတ် ပါတယ်။ ဖုန်းရဲ့ Power ခလုတ်ကိုအကြာကြီး ဖိထားပြီး Restart/Reboot ပြုလုပ်ပါ။ ပြန်ပွင့်လာတာနဲ့ တပြိုင်နက် အသံတိုးတဲ့ခလုတ်ကို ဖိထားလိုက်ပါ။ ဒါဆို သင့်ရဲ့ ဖုန်းဟာ Safe Mode မှာ စတင် အသက်ဝင်နေပါပြီ။

၃။ Voicemail အသုံးပြုခြင်း

ဒါဟာ Miss call တွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုရမယ့် စခရင်ထဲရောက်သွားပြီ ဆိုတာနဲ့ နံပါတ် ၁ ကို ခပ်ကြာကြာ ဖိနှိပ်ထားလိုက်ပါ။ ပြီးတာနဲ့ သင်ဟာ Voice Mail ရဲ့ Setting ထဲကို ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။ Google Voice ကိုလည်း အသုံးပြုနိုင်ပါတယ်။

၎။ အင်တာနက်အသုံးပြုမှုအတွက် Notifications ထားရှိခြင်း

ဖုန်း Setting ထဲက Data Usage ကို သွားပါ။ နောက်ထပ် Setting Menu တစ်ခုတွေ့ရပါလိမ့်မယ်။ အဲဒီမှာ သင်အသုံးပြုမယ့် Data ပမာဏကို ရွေးချယ်ပြီးပြီဆိုတာနဲ့ Notifications ရရှိနိုင်ပါပြီ။ တချို့သော Applications တွေဟာဆိုရင် အင်တာနက် ဖွင့်လိုက်တာနဲ့ ဖုန်းရဲ့ စွမ်းဆောင်ရည်တွေကို ကျဆင်းစေနိုင် လို့ပါပဲ။ # Trend Myanmar