အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု ရပ်တန့်ရန် တရုတ် တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ယီက အမေရိကန်-တောင်ကိုရီးယားပူးတွဲ စစ်ရေးလေ့ကျင့်မှုရန်တန့်ရန် တိုက်တွန်း လိုက်ပြီး မြောက်ကိုရီးယား၏နျူကလီးယားအစီအစဉ်ကိုလည်း ရပ်တန့်ကာ ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများကို အဆုံးသတ်ရန်လည်း တိုက်တွန်းလိုက်ကြောင်း AFP သတင်းက ဧပြီ ၂၇ ရက်တွင် ဖော်ပြ လိုက်သည်။

၎င်းကပြောကြားရာတွင် မြောက်ကိုရီးယား၏နျူကလီးယားစမ်းသပ်မှုမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကိုဖောက်ဖျက်ရာ ရောက်ကြောင်း၊ သို့ရာတွင် ကိုရီးယားကျွန်းဆွယ် တစ်ဝိုက်၌ စစ်ရေး လေ့ကျင့်မှုပြုလုပ်နေခြင်းမှာ ပြဿနာဖြေရှင်းမည့်စိတ်ကို မဖြစ်ပေါ်နိုင်ဟု၎င်းကဆိုသည်။ ယခုအချိန်မှာ လုံခြုံရေးနှင့် တည်ငြိမ်ရေးမှာ အလွန်ထိခိုက်လွယ်ပြီး အချိန်မရွေး ပဋိပက္ခအသစ် ဖြစ်ပွားနိုင်ခြေရှိ၍ အလွန် အန္တရာယ်များကြောင်း ဝန်ယီက ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဆစ်ဂမာဂါဘာရီရယ်နှင့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မိမိတို့က စစ်ဖြစ်ပွားစေမည့် အခြေအနေကို တစ်ရာခိုင်နှုန်းမျှပင် မဖြစ် စေလိုကြောင်း၊ ၎င်းကအဆိုပါ ပဋိပက္ခမှာ စဉ်းစား၍မရသောအကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်ကြောင်း ပြောကြားခဲ့ သည်။ ထို့ကြောင့် မိမိတို့က ဘက်အားလုံးကို ရန်စကျူးကျော်သည့် စကားများကိုမပြောကြရန် စိတ်ထိန်းကြရန် တိုက်တွန်းကြောင်း ဝန်ယီကပြောကြားလိုက်သည်။

မြောက်ကိုရီးယား၏ယခင်အပတ်တွင် ဒုံးပျံပစ်ခတ်ခဲ့မှုနှင့် အမေရိကန်သမ္မတ၏ တင်းမာသော ပြောကြား ချက်များကြောင့် တင်းမာမှုမြင့် တက်ခဲ့ရသည်ဟုဆိုသည်။ အမေရိကန်၏ လေယာဉ်တင် သင်္ဘောမှာ ယခု အပတ်တွင် စစ်ရေးလေ့ကျင့်ရန် တောင်ကိုရီးယားသို့ ရောက်ရှိလျက်ရှိသည်။ မြောက်ကိုရီးယားက နှစ်ပတ် လည်စစ်ရေးလေ့ကျင့်မှုကို ရှုတ်ချခဲ့သည်။

စစ်ရေးလေ့ကျင့်မှု၌ စစ်သားများစွာ ပါဝင်လျက်ရှိပြီး ကျူးကျော် ရန်လေ့ကျင့်မှုအဖြစ်စွပ်စွဲခဲ့သည်။ တောင်ကိုရီးယားနှင့်အမေရိကန်က ကာကွယ်ရေးအတွက် လေ့ကျင့်ခြင်း သာဖြစ်သည်ဟု တုံ့ပြန်ခဲ့ သည်။ မြောက်ကိုရီးယားက ဆဋ္ဌမမြောက် နျူကလီးယားစမ်းသပ်ရန် လုပ်ဆောင် နေစဉ် အမေရိကန် ဒုံးပျံကာကွယ်ရေးစနစ်လည်း တောင်ကိုရီးယားသို့ ရောက်ရှိလာပြီးဖြစ်သည်ဟု ဝန်ယီ ကပြောခဲ့သည်။ ၎င်းကမြောက်ကိုရီးယားပဋိပက္ခမှာ အချိန်မရွေး ပေါ်ပေါက်လာနိုင်သည်ဟု ဧပြီလဆန်းက ပြောခဲ့သည်။

Ref: AFP , #democracytoday