ကမ္ဘာ့ အမြန်ဆုံး ဟိုက်ဒရိုဂျင် ယာဉ်ပျံ

Alauda Aeronautics က Airspeeder Mk4 ကို ပြသလိုက်ပြီး ပြိုင်ကားပျံလို့ ပြောပါတယ်။ ကမ္ဘာ့ အမြန်ဆုံး ဟိုက်ဒရိုဂျင် eVTOL ယာဉ်ပျံ ဖြစ်လာပါတယ်။

Airspeeder Mk4 ဟာ ၅.၇၃ မီတာ အရှည်၊ ၃.၆၂ မီတာ အကျယ်နဲ့ ၁.၄၄ မီတာ အမြင့်ရှိပြီး အလေးချိန်က ၉၅၀ ကီလိုဂရမ် (၂,၀၉၄ ပေါင်) ရှိပါတယ်။ လူ ၁ ယောက်ပဲ စီးနင်းနိုင်ပြီး ဟိုက်ဒရိုဂျင် ကနေ လျှပ်စစ် စွမ်းအင် ပြောင်းလဲကာ  မောင်းနှင်ပါတယ်။ အမြန်နှုန်းက ၁ နာရီကို ၃၆၀ ကီလိုမီတာ( ၂၂၅ မိုင်) ဖြစ်ပြီး စက္ကန့် ၃၀ အတွင်း အဲဒီ အမြန်နှုန်းရအောင် မောင်းနှင်နိုင်ပါတယ်။ အကွာအဝေး အားဖြင့် ၁ ခါအားသွင်းထားရင် ၃၀၀ ကီလိုမီတာ (၁၈၈ မိုင်) မောင်းနှင်နိုင်ပြီး ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိပါဘူး။

ယာဉ်ပျံမှာ 1,000 kW (1,340 Horsepower) Turbogenerator တပ်ဆင်ထားပြီး ဘက်ထရီနဲ့ မော်တာတွေကို စွမ်းအင် ပို့လွှတ်ပေးပါတယ်။ ဟိုက်ဒရိုဂျင်ကို အသုံးပြုထားတဲ့အတွက် ဘေးကင်းလုံခြုံပြီး သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေပါဘူး။

လူမောင်းနှင်တဲ့ ပထမဆုံး ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်မှာ ကျင်းပမယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Remote Control နဲ့ မောင်းနှင်မှုကို ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့ပြီးပါပြီ။

Ref : inceptivemind