သက်ကြီးဘိုးဘွားများအား စတုတ္ထအကြိမ်မြောက်ပူဇော်ကန်တော့

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစီး၍ စတုတ္ထအကြိမ်မြောက်သက်ကြီး ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယခုလ ၂၁ ရက် နံနက် ၇နာရီကအဆိုပါရုံး၌ကျင်းပ ပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်၊ ခရိုင်ဥက္ကဋ္ဌ ဦးဘိုသင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးဆွေသန်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင် ဦးစိုင်းထွန်းအောင်၊ ဒေါ်လီလီဝင်း (ရွှေမာလာအောင် ကုမ္ပဏီလီမိတက်)၊ ဦးအောင်မြင့်၊ ဒေါ်အေးမေ(ဝါးရွက်စိမ်းကုမ္ပဏီလီ မိတက်)နှင့် မြို့နယ်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆန်း၊ ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာစည်းရုံးရေးမှူးများ စုံညီစွာ တက်ရောက်ကြသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ကြပြီး အဘိုးအဘွားများအား သြကာသ ကန်တော့ချိုးဖြင့် ရှစ်ခိုးပူဇော်ကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်းက ကြည်နူးဝမ်းမြောက်စကား ပြောကြားပြီး အဘိုးအဘွားများအား လက်ဆောင်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။

ကန်တော့ခံ ဘိုးဘွားများ ကိုယ်စား အသက် ၁ဝ၁ နှစ် ဒေါ်ရီရီက ကျေးဇူးတင်မေတ္တာ စကားပြောကြားကြောင်း ယခုနှစ် တွင် အသက် ၁ဝဝ အထက် ရှစ်ဦး၊ အသက် ၉ဝ အထက် ၁၈၁ ဦး၊ ၈၅နှစ်နှင့်အထက် စုံတွဲခြောက် တွဲ စုစုပေါင်း ၂ဝ၁ ဦးအား ပူဇော် ကန်တော့ကြကြောင်း သိရသည်။

ကောင်းကင်အောင်