အသိတရားနှင့်ယှဉ် သတိတရားနှင့် ပေါင်းစပ်ပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်လောင်းများကိုသာ ဆန္ဒမဲပေးကြစို့

 

ယနေ့ကာလတွင် အရည်အချင်းပြည့်ဝသော လွှတ်တော်ကိုယ်စားလှယ်များ ရရှိရေး၊ မိမိတို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီအခြေခံအချက်များ နှင့်အညီ ပြည်သူများခံစားနိုင်ရေး တို့အတွက် ၂ဝ၁၅ ခုနှစ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲ ပေးမှုအပေါ်သင်ခန်းစာယူပြီး ပြည်သူတို့ကိုယ်တိုင် ရွေးချယ်ကြရမည် ဖြစ်ပါတယ်။

ဤသို့ရွေးချယ်ရာတွင် လွှတ်တော်ကိုယ်စား လှယ်လောင်းတစ်ဦးချင်း စိတ် အရည်အချင်းကို ထဲထဲဝင်ဝင် သိရှိရွေးချယ်ကြဖို့လိုပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌရှမ်းပြည်(တောင်ပိုင်း) ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့စဉ် ရှင်းလင်း ပြောကြားရာတွင် ဥက္ကဋ္ဌဦးသန်းဌေးက ”ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စား လှယ်လောင်းများအား မဲပေးခြင်းသည် ယင်းလွှတ်တော်ကိုယ်စားလှယ် လောင်း၏ အကျိုးစီးပွားအတွက် မဟုတ်၊ ပါတီအကျိုးစီးပွားအတွက်လည်း မဟုတ်၊ မိမိတို့ မြို့နယ် ကိုယ် စားပြု ကိုယ်စားလှယ်က အရည်အချင်းရှိလျှင် ရှိသလောက် မိမိတို့မြို့နယ်အတွက် အကျိုးများ မည် ဖြစ်တယ်”ဟု ဆိုပါတယ်။ မှန်ပါတယ်။ ပြည်သူများအနေဖြင့် အတိတ်ကို အခြေခံ၊ ပစ္စုပ္ပန်ကို တည့်တည့် ရှုပြီး အနာဂတ်အတွက် မှန်မှန် ကန်ကန် ဆုံးဖြတ်တတ်ကြရန် ဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းဆိုရရင် ယခု အခြေအနေ ထက် ပို၍ခိုင်မာကောင်းမွန်အောင် မြှင့်တင် တည်ဆောက် ဖော်ဆောင်ပေးနိုင်ရန်-

Ä စီမံခန့်ခွဲ ကွပ်ကဲမှု အတွေ့အကြုံ ပြည့်ဝ ရင့်ကျက်ပြီး အစဉ်အလာကြီးမား သည့် ပြည် ခိုင်ဖြိုးပါတီ၊

Ä အမျိုးသားရေးနှင့် အမျိုးသား အကျိုးစီးပွား ကို အစဉ်ထာဝရ ဦးထိပ်ပန်ဆင် ပြီး ပြည်သူများ၏လိုအင်ဆန္ဒနှင့်ထပ်တူရင်ခုန်သံညီသည့် ပြည်ခိုင်ဖြိုးပါတီ၊

Ä အနာဂတ် နိုင်ငံတော်သစ်နှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အပြည့်အဝ အာမခံချက်ပေးနိုင်သည့် အခိုင်မာဆုံး ပြည်ခိုင်ဖြိုး ပါတီအဖြစ် မှန်ကန်စွာရှုမြင်ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများကို သာ ဆန္ဒမဲပေး ရွေးချယ်ကြရန်ပင် ဖြစ်ပါတယ်။ ဆိုရရင် မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် အသိတရားနှင့်ယှဉ်၊ သတိတရားနှင့် ပေါင်းစပ်ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများကိုသာ ရွေးချယ်ပြီး ဆန္ဒမဲပေးကြရန် ဖြစ်ပါသည်။

UnionDaily
စိုးထက်ကျော်