ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ COVID -19 ရောဂါ ကာကွယ်တားဆီး တိုက်ဖျက်ကုသရေးတာဝန် ထမ်းဆောင်နေသော ဆေးရုံ၊ဆေးတပ်ရင်းများအတွက် ငွေကျပ်သိန်း (၅၀၀) တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ လှူဒါန်း

 

မင်္ဂလာဒုံ အောက်တိုဘာ

ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ COVID -19 ရောဂါ ကာကွယ်တားဆီး တိုက်ဖျက်ကုသရေးတာဝန် ထမ်းဆောင်နေသော ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးရုံဆေးတပ်ရင်းများအတွက် အလှူငွေ ကျပ်သိန်း (၅၀၀) တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် (၁၀:၃၀) အချိန်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် (၁) တပ်မတော်ဆေးရုံကြီး ကုတင်(၁၀၀၀) ခန်းမ တွင်ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမူဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုး၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ရန်ကုန်တိုင်း ပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ တိုင်းပါတီကော်မတီဝင် ဒေါက်တာနေလင်းတို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ကုတင် (၁၀၀၀) တပ်မှူး ဗိုလ်မှုးချုပ်မြင့်ဇော် ဆရက (၁/၁၀၀၀) မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်စိုးမှ Coronavirus ကြောင့် ပြည်သူ့အတွက် တာဝန်ထမ်းဆောင်နေသော ဆေးဝန်ထမ်းများကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တဖက်တလမ်းမှ ပါဝင်ကူညီ အားဖြည့်ခြင်းဖြစ်ပါကြောင်း ပြောကြားပြီး ဆေးရုံးသုံးပစည်းများအတွက် လှူဒါန်းငွေ သိန်း (၅၀၀) ကို လှူဒါန်းခဲ့ရာ တပ်မှူး  ဗိုလ်မှူးချုပ် မြင့်ဇော်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြောင်း သိရသည်။

bobo(ygn)