ကျောက်ဆည်မြို့နယ် အင်ဒိုင်းစံပြကျေးရွာ၌ ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့ဆေးဝါးကုသခြင်း၊ ပါတီဆိုင်းဘုတ်တင်ခြင်း၊ စကားဝိုင်းဆွေးနွေးခြင်းနှင့် သက်ကြီးဘိုးဘွားများအား လိုက်လံကန်တော့ခြင်း အခမ်းအနားသို့ ပါတီဗဟို အလုပ်အမူဆောင် ဦးဝဏ္ဏမောင်လွင် တက်ရောက်

 

ဇွန်လ ၁၈

ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​အမှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီး နယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​ ​ကျောက်ဆည်​မြို့နယ်​၊ အင်​ဒိုင်းစံပြ​ကျေးရွာ၌ ပြုလုပ်​​သော ပြည်​ခိုင်​ဖြိုးပါတီ၏ အခမဲ့​ဆေးဝါး ကုသခြင်း၊ ​ကျေးရွာပါတီ ဆိုင်းဘုတ်​တင်​ခြင်း၊ စကားဝိုင်း​ဆွေး​နွေးခြင်း၊ သက်​ကြီးဘိုးဘွားများအား လိုက်​လံကန်​​တော့ခြင်း​များသို့ တက်​​ရောက်​ ခဲ့ပါသည်​။

အဆိုပါ အခမ်းအနားများသို့ ပြည်​ခိုင်​ဖြိုးပါတီ ဗဟိုအလုပ်​မှု​ဆောင်​၊ မန္တ​လေးတိုင်း​ဒေသကြီး နယ်​​မြေတာဝန်​ခံ ဦးဝဏ္ဏ​မောင်​လွင်​နှင့်​ဇနီး​ ဒေါ်လင်းလင်းတင်​၊ မန္တ​လေးတိုင်း​ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်း​မောင်​၊ တိုင်းပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုး၊ ပါတီ​ပြော​ရေးဆိုခွင့်​ရှိသူ ဦးသိန်းထွန်းဦး၊ တိုင်း​ဒေသကြီးပါတီ​ ကော်​မတီဝင်​များ၊ ခရိုင်​/မြို့နယ်​ပါတီဥက္ကဋ္ဌများ တက်​​ရောက်​ ခဲ့ကြပါသည်​။

ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး