Android Wear 2.0 အသုံးပြုထားတဲ့ Guess စမတ်နာရီသစ်

အမေရိကန်ဖက်ရှင် အမှတ်တံဆိပ် Guess ဟာ Android 2.0 သုံးထားတဲ့ နောက်ဆုံးပေါ် စမတ်နာရီကို မိတ်ဆက်ပေးလိုက်ပါတယ်။

 

Guess Connect လို့ခေါ်တဲ့ စမတ်နာရီသစ်မှာ နောက်ဆုံးပေါ် Qualcomm Snapdragon Wear 2100 chip ကို အသုံးပြုထားပါတယ်။

Guess ရဲ့ ပထမဆုံး Connect စမတ်နာရီဟာ သမားရိုးကျ လက်ပတ်နာရီမှာ စမတ်လုပ်ဆောင်ချက် အချို့အတွက် သေးငယ်တဲ့ digital display တစ်ခုထည့်ထားတဲ့ hybrid device တစ်ခု ဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးလိုက်တဲ့ နောက်ဆုံးပေါ်မော်ဒယ်မှာတော့ Android Wear ကို အသုံးပြုထားတာကြောင့် စစ်မှန်တဲ့ စမတ်နာရီတစ်ခုအဖြစ် တွေ့မြင်ရမယ်လို့ ဆိုပါတယ်။

Guess Connect ကို အမျိုးသမီးဝတ်နဲ့ အမျိုးသားဝတ်ဆိုပြီး ၄၁ မီလီမီတာနဲ့ ၄၄ မီလီမီတာ အရွယ်အစား အသီးသီးနဲ့ ရနိုင်ပါတယ်။ ပုံစံ ၈ မျိုးထဲမှာ တစ်မျိုးက မူရင်း Connect နဲ့ ဆင်တူပြီး ကျန်တာတွေမှာ ကျောက်မျက်ရတနာတွေနဲ့ စီခြယ်ထားပါတယ်။

Connect ကို မတ်လ ၂၃ ရက်မှာကျင်းပမယ့် BaselWorld 2017 မှာ မိတ်ဆက်ပြသသွားဖို့ စီစဉ်ထားပြီး အဲ့ဒီအချိန်မှသာ စမတ်နာရီရဲ့ ဈေးနှုန်းကို သိရှိရမှာ ဖြစ်ပါတယ်။

# Internet Journal