တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရတနာအုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားသို့တက်ရောက်ချီးမြှင့်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ ဆုထူးပန်တပ်ဦးကျောင်း ရတနာဂီရိကုန်းတော်ပေါ်၌ တည်ထားကိုး ကွယ်သည့်”ဖွား-ပွင့်-ဟော-စံဆုထူးပန်စေတီတော်မြတ်ကြီးအား ယခုလ ၁၂ ရက် နံနက်ပိုင်း၌ကျင်းပသော စေတီတော်ကြီး၏ အုတ် မြစ်တော်စီမင်္ဂလာအခမ်းအနားသို့ ဗဟိုကော်မတီဝင် တနင်္သာရီတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးချစ်သန်းတက်ရောက်ချီးမြှင့်ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရူပ(ကော့သောင်း)