ကျောက်ကြီးမြို့နယ်ပါတီ ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ကော်မတီဝင်များနှင့် တောင်ငူခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်စိုး၊ အတွင်ရေးမှူး ဦးလှဆွေတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက ကျောက်ကြီးမြို့နယ်ပါတီရုံး၍ မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ခရိုင်ပါတီဥက္ကဋ္ဌက ရပ်ကွက်၊ ကျေးရွာပါတီဖွဲ့စည်းပုံ အဆင့်ဆင့်နှင့် နှစ်စဉ် ပါတီဝင်ကြေး ထည့်ဝင်မှုများနှင့် ဆောင်ရွက်နေမှု များကို မေးမြန်းဆွေးနွေးရာ တက် ရောက်လာသည့် ကော်မတီဝင်များ က ဒေသအလိုက် စီမံဆောင်ရွက်နေမှုများ ရှင်းလင်း တင်ပြပြီး သိလိုသည်များမေးမြန်းရာ ခရိုင်အတွင်း ရေးမှူး ဦးလှဆွေက ပြန်လည်ဖြေ ကြားဆွေးနွေးပြီး မွန်းလွဲ ၁နာရီတွင် အခမ်းအနား အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်း သိရသည်။

ခိုင်ကြီး(ကျောက်ကြီး)