ကော့သောင်းပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမအတွင်း ယခုလ ၃ ရက်မှစ၍ ပြည်ခိုင်ဖြိုးနှင့် Golden Key Leaguage Centre တို့ ပူးပေါင်းဖွင့်လှစ်သော ပညာဒါနအခမဲ့ အင်္ဂလိပ်စကားပြောသင်တန်းကို နေ့စဉ်အချိန် သုံးပိုင်းခွဲ၍ သင်ကြားပေးလျက်ရှိသည်။

ယင်းတွင် နယ်သာလန်နိုင်ငံသား Mr.Win (NGO) နှင့် ဦးသီဟတို့က သင်ကြားပို့ချလျက်ရှိပြီး ယခုအခါ ပဉ္စမတန်း မှ နဝမတန်းကျောင်းသား ကျောင်းသူ ၁၃၃ ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ရူပ(ကော့သောင်း)