မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟို အလုပ်အမှုဆောင်များ နုတ်ထွက်မည်

မွန်ပြည်သူများ လိုလားသော မွန်ပါတီများ ပေါင်းစည်း ညီညွတ်ရေးကို မဖော်ဆောင်သည့်အတွက် နှုတ်ထွက်ရခြင်း ဖြစ်ကြောင်း၊ ပါတီမှ နှုတ်ထွက်ရန်   ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးလည်း ပါဝင်ကြောင်း၊ မိမိတို့ ပါတီဝင်နှစ်ဦးမှ ဆုံးဖြတ်ချက်ချထားပြီး မိမိတို့၏ ခံယူချက်သဘောထားကိုလည်း ကြေညာထား ပြီး ဖြစ်ကြောင်း၊ ဗဟိုကော်မတီအချို့နှင့်အတူ မြို့နယ် ပါတီဝင်အချို့လည်း နုတ်ထွက်ရန် အစီအစဉ်ရှိကြောင်း ပါတီမှ နုတ်ထွက်မည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်အောက်စာက ပြောကြားသည်။

ပါတီမှ နှုတ်ထွက်မည့် ပါဝင်နှစ်ဦးက မွန်နိုင်ငံရေး ပါတီတစ်ခုအနေနှင့် မွန်ပြည်သူများ၏ အသံကို နားမထောင် ပါက ယင်းပါတီတွင် ဆက်လက်တာဝန်ထမ်းရန်မရှိကြောင်း၊ မွန်ပြည်သူ များတောင်းဆိုသော မွန်တစ်ပါတီ ပေါ်ထွန်းရေးကို မွန်လူမျိုးများ၊ ပေါင်းစည်းညှိနှိုင်းရေးအဖွဲ့နှင့် လက်တွဲအကောင်အထည် ဖော်ဆောင်ရန် လိုအပ် ကြောင်း၊  မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ တာဝန်ယူထားသည်များကို ရပ်နားကာ မကြာမီ နုတ်ထွက်စာ တင်မည်ဖြစ်ကြောင်း၊ မွန်နိုင်ငံရေးပါတီ ပေါင်းစည်း ညီညွတ်ရေးကို လိုလားစိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါ ကြောင်း ကြေညာ ထားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီအနေနှင့် ပါတီ ဗဟိုရုံးချုပ်တွင် ပါတီ ပေါင်းစည်းရေး လမ်းပြမြေပုံကို ရေးဆွဲထားခဲ့သော်လည်း လက်တွေ့ကျကျ အကောင်အထည်ဖော်မှု မရှိကြောင်း၊ ဗဟိုကော်မတီဝင်များ အနေနှင့် ပါတီခေါင်းဆောင်များကို အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ပါတီဘက်မှ ညှိနှိုင်း ပေါင်းစည်းရေး အဖွဲ့ကို လက်မခံနိုင်သည့် အကြောင်းပြချက် အမျိုးမျိုးကြောင့် ယခုအချိန်ထိ ပေါင်းစည်းရေး မဖြစ်လာနိုင်ကြောင်း၊ ဒေါက်တာ အောင်နိုင်ဦးက ရှင်းပြခဲ့သည်။

မွန်နှစ်ပါတီ ပေါင်းစည်းရေးနှင့် ပတ်သက်၍ မတ်လ ၄ ရက်က ပြုလုပ်သည့် ပါတီပေါင်းစည်း ညှိနှိုင်းရေး အစည်း အဝေးတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် ညှိနှိုင်ရေးအဖွဲ့ကို လက်မခံနိုင် အသိအမှတ် မပြုနိုင် သည့်အတွက် မိမိတို့ညှိနှိုင်းရေးအဖွဲ့အနေနှင့် ယင်းပါတီကို ရှေ့ဆက်တွင် ဖိတ်ကြားတော့ မဟုတ်ကြောင်း၊ မွန်နိုင်ငံရေးပါတီ ညီညွတ်ရေးကို လက်ခံနိုင် သူများကိုသာ ဖိတ်ကြားကာလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပေါင်းစည်း ညှိနှိုင်းရေး အတွင်းရေးမှူး နိုင်ဝင်းလှက ပြောဆိုထားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ဗဟိုအလုပ်အမှုဆောင် ၂ ဦးနှင့် ဗဟိုကော်မတီဝင်တစ်ဦးတို့က နုတ်ထွက်မည်ဖြစ်ကြောင်း၊ ပါတီတွင် ဗဟိုအလုပ် အမှုဆောင် ၂၂ ဦးနှင့် ဗဟိုကော်မတီဝင်  ၅၀ ကျော် ရှိကြောင်း ယင်းပါတီထံမှ သိရသည်။

# The Voice