ထိုင်းတွင် အလုပ်ထုတ်ခံရသည့် မြန်မာများအတွက် ဆန္ဒပြတောင်းဆို

ထိုင်းနိုင်ငံ ဆာမွတ်ပါရကန်ခရိုင် ဘန်ဘော်နယ်ရှိ ငါးသေတ္တာစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၁၀၀ ကျော် အလုပ်က ထုတ်ပယ်ခံရသည့်အတွက် စက်တင်ဘာ၂၀ ရက်တွင် ဆန္ဒပြတောင်းဆိုမှုဖြစ်ပွားခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ သိရသည်။

အဆိုပါ ငါးသေတ္တာစက်ရုံက အကြောင်းပြချက်မရှိဘဲ မြန်မာလုပ်သားများအပေါ် ရုတ်တရက်အလုပ် ထုတ်ပယ်ခံရသည့် အတွက် ကူညီဖြေရှင်းပေးရန် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် လုပ်သား ၅၀၀ ခန့်အလုပ်လုပ်ကိုင်လျက်ရှိပြီး မြန်မာလုပ်သား ၁၁၀ ကို စက်တင်ဘာ ၁၈ ရက်က အလုပ်မှထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း ဗဗဃ မဟာမိတ်အဖွဲ့မှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်က ပထုန်ဌာနီခရိုင် န၀နခွန် နယ်မြေ၌ရှိသည့် အီလက်ထရွန်နစ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများကို အလုပ်မှထုတ်ပယ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံ အုန်းရိုင်ရှိ BigC အနီး စက်ချုပ်ရုံတစ်ရုံတွင် လုပ်သက်ပြည့် မြန်မာလုပ်သား ၂၀၀ ခန့် အကြောင်းမဲ့ အလုပ်ထုတ်ခံရသဖြင့် စက်တင်ဘာ ၈ ရက်က အလုပ်ရုံရှေ့ဆန္ဒထုတ်ဖော်မှုဖြစ်ပွားခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ

sdtimedaily