မြန်မာနိုင်ငံ ဝေဟင်ပိုင်နက်အတွင်း လေယာဉ်များ ပျံသန်းခွင့်ရရေး နိုင်ငံနှစ်နိုင်ငံက စာချုပ်ချုပ်ဆိုရန် ထပ်မံ ကမ်းလှမ်း

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အနောက်ဥရောပ နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၅၂ နိုင်ငံနှင့် ဝေဟင်ပိုင်နက် အတွင်း လေယာဉ်များ ဖြတ်ကျော် ပျံသန်းနိုင်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုထားပြီး ထပ်မံ၍ မွန်ဂိုလီးယား နှင့် တူရကီနိုင်ငံ တို့ကလည်း စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်း လာသဖြင့် ညှိနှိုင်းဆွေးနွေး နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာ့ဝေဟင်ပိုင်နက်အတွင်း ပျံသန်းသည့် လေယာဉ်များကို အနည်းဆုံး ကီလိုမီတာ နှစ်သောင်းငါးထောင် လျှင် အမေရိကန် ဒေါ်လာ ၃၂ ဒေါ်လာ၊ အများဆုံး ကီလိုမီတာ သုံးသိန်းလျှင် ၆ဝ၉ ဒေါ်လာ ကောက်ခံကြောင်း သိရသည်။
ရန်ကုန်မြို့ပေါ်မှ ဖြတ်သန်းသော လေကြောင်းလိုင်းများသည် ကီလိုမီတာ တစ်သိန်းမှ နှစ်သိန်းကြားရှိပြီး လက်ရှိ တွင် တစ်ရက်လျှင် လေယာဉ်အခေါက်ရေ ၆ဝဝ ခန့်ကို လေယာဉ် ဖြတ်သန်းခများ ကောက်ခံလျက် ရှိကြောင်း သိရသည်။ လက်ရှိ အချိန်ထိ အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် ရရှိထားကြောင်း သိရသည်။
မြ၀တီ