ဘူးသီးတောင်၊မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနေ့ အထိမ်းအမှတ်စစ်တုရင် ပြိုင်ပွဲကျင်းပ

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသော နှစ် (၇၀) ပြည့်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကို ပါတီရုံးတွင် တတိယအကြိမ်မြောက်ဖြစ် ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အနိုင်ရှိသူများအား ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အသင်းလိုက် ပထမဆုများကို မြို့နယ်ပါတီဥက္ကဌ ဦးကျော်စွာသိန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ စစ်တုရင်အသင်းဥက္ကဌ ဦးမောင်ကျော်သာတို့မှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခိုင်ဖြိုး(ဘူးသီးတောင်)