မေယုအက်ဖ်အမ်ကိစ္စ ရခိုင်တွင် အရေးကြီးအဆိုတင်မည်

ဘင်္ဂါလီဘာသာစကားဖြင့် အသံထုတ်လွှင့်နေသည့် မေယု FM ရေဒီယိုအစီအစဉ်ကို ရခိုင်ပြည်နယ်ရှိ မြို့များ တွင် ဖေဖော်ဝါရီ ၁၀ ရက်၌ တစ်ပြိုင်တည်း ကန့်ကွက်ဆန္ဒဖော်ထုတ်မည်ဟု သတင်းရရှိသည်။

မေယု FM ရေဒီယိုအစီအစဉ်ကို ပြန်ကြားရေးဝန်ကြီးဌာနက အဓိကတာဝန်ယူ၍ ဗမာ၊ ရခိုင်၊ ဘင်္ဂါလီဘာသာ စကားသုံးမျိုးဖြင့် ဖေဖော်ဝါရီ ၁ ရက်ကစ၍ မောင်တောခရိုင်တွင် စမ်းသပ်အသံ ထုတ်လွှင့်နေခြင်းဖြစ်သည်။

ဘင်္ဂါလီဘာသာစကားဖြင့် ထုတ်လွှင့်ခြင်းနှင့်ပတ်သက်၍ အချို့သော တိုင်းရင်းသားဒေသများတွင် ၎င်းတို့ဘာသာ စကားဖြင့် အသံထုတ်လွှင့်နိုင်ခြင်းမရှိသေးချိန်၌ ဘင်္ဂါလီစကားဖြင့် ထုတ်လွှင့်ခြင်းကြောင့် သမိုင်းအထောက် အထားအဖြစ် မှတ်ယူမည်ကို စိုးရိမ်ကြောင်း ရခိုင်ဒေသခံများကပြောသည်။

ဘင်္ဂါလီဘာသာစကားဖြင့် ထုတ်လွှင့်နေသည့် မေယု FM ရေဒီယိုအစီအစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် ရခိုင်ပြည်နယ်မြေပုံ၊ ကျောက်တော်၊ တောင်ကုတ်အပါအ၀င် ၁၀ မြို့နယ်ခန့်တွင် တစ်ပြိုင်တည်း ကန့်ကွက် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း ရခိုင်အမျိုးသားအင်အားစုများက ပြော သည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက အစိုးရဆောင်ရွက် ချက်များသိရှိစေရန် ဘင်္ဂါလီဘာသာစကားဖြင့် မေယု FM ကို စမ်းသပ်အသံလွှင့်နေခြင်းဖြစ်ပြီး ဝေဖန်မှုများအပေါ် မူတည်၍ ပြန်လည် ဆွေးနွေးဆောင်ရွက်မည်ဖြစ်ကြောင်း ပြောသည်။

‘‘ကျွန်တော်တို့အနေနဲ့ကတော့ ဒါစမ်းသပ်ထုတ်လွှင့်နေဆဲ ကာလဖြစ်တာမို့ အားလုံးရဲ့ ဝေဖန်မှုတွေအပေါ်မှာ ပြန်လည်ပြီး တင်ပြဆောင်ရွက်သွားပါမယ်’’ ဟု ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ထွေး က ပြောသည်။

# The Voice