ကော့မှူးမြို့နယ်ပါတီရုံးခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

ကော့မှူးပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည်မြို့နယ် ကော်မတီအဖွဲ့အစည်းများ၊ မြို့နယ် အတွင်းပါတီဝင်များနှင့် စဉ်ဆက် မပြတ်ထိတွေ့မှုများ ပြုလုပ်လျက် ရှိရာ ယနေ့နံနက် ၈ နာရီတွင် ကော့မှူးမြို့နယ် ပါတီရုံးခန်းမ၌ မြို့နယ်ကော်မတီအစည်းအဝေး ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးသို့ ရန်ကုန် တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးလွင်ဦးတက် ရောက်၍ ကော့မှူးမြို့နယ်သည် ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲဝင် ရမည့်မြို့ဖြစ်သောကြောင့် ပါတီဝင် များနှင့် အမြဲမပြတ်ထိတွေ့မှုများ ရှိရန် ပါတီမူဝါဒနှင့်အညီ လိုအပ် ချက်များ ဖြည့်ဆည်းဆောင်ရွက် နိုင်ရန်၊ ၂ဝ၁၇ ကြားဖြတ်ရွေး ကောက်ပွဲကာလတွင်လည်း ဥပဒေ နှင့်အညီဆောင်ရွက်ကြရန် ပြော ကြားပြီး ကော့မှူးပြည်ခိုင်ဖြိုး ပါတီနာယက ဦးဝင်းထိန်ကလည်း ပါတီရွေးကောက်ပွဲအတွေ့အကြုံ များပြောကြား၍ စည်းကမ်းတကျ မူဘောင်တွင်းမှ စည်းရုံးယှဉ်ပြိုင် ရန်ပြောကြားခဲ့သည်။ ထို့နောက် ကော့မှူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်းက ဆောင်ရွက် ပြီးစီးသမျှ တင်ပြပြောကြားပြီး မြို့နယ်ကော်မတီများမှလည်း ရေး ရာလုပ်ငန်းစဉ်များအလိုက် အပြန် အလှန်ဆွေးနွေးကာ အစည်းအဝေး ကို နံနက် ၁၁နာရီတွင် ပြီးဆုံး ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)