ဆော်ဒီနိုင်ငံတွင် မြန်မာနိုင်ငံနှင့် အခြားနိုင်ငံများမှ လာရောက်နေထိုင်သည့် အမျိုးသမီးများကို လက်ထပ်ခွင့်မပြုကြောင်း စည်းမျဉ်း ထုတ်ပြန်

ဆော်ဒီအမျိုးသားများအနေဖြင့် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှ အမျိုးသမီးများကို လက်ထပ်ခွင့် မပြုကြောင်း ဆော်ဒီအာရေဗျ၊ မက္ကာမြို့က ရဲမှူးကြီး အာဆတ်အလီကွာရှာရှီက မက္ကာနေ့စဉ်သတင်းစာတွင် ပြောကြားထားသည်။

 

သည်ဆောင်ရွက်မှုသည် ဆော်ဒီအမျိုးသားများကို နိုင်ငံခြားသူများနှင့် လက်မထပ်အောင် ရည်ရွယ်ထားသည်။ နိုင်ငံခြားသား လက်ထပ်မှုအတွက် ခွင့်ပြုချက် မပေးခင်မှာလည်း နောက်ထပ်ဆောင်ရွက်ရန် အစီအစဉ်များကို အစိုးရက ထပ်မံဖြည့်စွက်ထားသည်။

နိုင်ငံခြားသူများကို လက်ထပ်ချင်သူ ဆော်ဒီအမျိုးသားများသည် တရားဝင်ရုံးလုပ်ငန်းစဉ်အတိုင်း အစိုးရဆီက ခွင့်ပြုချက်နှင့် လက်ထပ်ခွင့်လျှောက်လွှာကို တောင်းခံရမည်ဟု ရဲမှူးကြီးကဆိုသည်။

လက်ထပ်ခွင့်လျှောက်မည့်သူသည် အသက် ၂၅ နှစ် ကျော်ရမည်ဖြစ်ပြီး ဒေသမြို့တော်ဝန် လတ်မှတ်ထိုးထား သည့် မိသားစုစာရင်းကတ်ပြား အပါအဝင် တခြားအထောက်အထားများကို တင်ပြရမည်ဖြစ်သည်။

“လျှောက်ထားသူက အိမ်ထောင်ကျဖူးတယ်ဆိုရင် သူရဲ့မိန်းမက မသန်စွန်းသူ ဒါမှမဟုတ် နာတာရှည် ခံစားနေရ တယ် ဒါမှမဟုတ် ကလေးမရနိုင်တော့ဘူးဆိုတဲ့ ဆေးရုံက ဆေးမှတ်တမ်းပါ ပြဖို့လိုတယ်” ဟု သူကပြောသည်။

အိမ်ထောင်နှင့် ကွာရှင်းသူ အမျိုးသားများကိုမူ အိမ်ထောင်ကွဲပြီး ခြောက်လအတွင်း နိုင်ငံခြားသူနှင့် လက်ထပ်ရန် လျှောက်ထားခွင့်မရှိဟု ဆော်ဒီအစိုးရက သတ်မှတ်ထားသည်ဟု သိရသည်။

The Ladies News

Ref – Mecca Daily