ကွန်ပျူတာနှင့် IT နည်းပညာသင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

 

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၂၅)ရပ်ကွက် စည်ပင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမဆောင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ MCC (ဒဂုံတောင်) တို့ ပူးပေါင်းဖွင့်လှစ်သော ကွန်ပျူတာ နှင့် IT နည်းပညာသင်တန်း အမှတ် စဉ်(၆) သင်တန်းဆင်းပွဲကို ယခုလ ၂ဝ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ ရာ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးသာဝင်းက အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ရန်ကုန်တိုင်း ဒေသကြီး နာယက ဒေါက်တာခင်မောင်ထွန်း နှင့် ဇနီးဒေါ်ဥမ္မာသန်း၊ ဗဟိုကော် မတီဝင် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းဒေသကြီးကော်မတီဝင် ဒေါ်စန်းစန်း ဝင်း၊ အရှေ့ပိုင်းခရိုင်ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်၊ ခရိုင်အတွင်းရေးမှူး ဦးကျော်စိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီကော်မတီဝင် ဦးသိန်းကျော်အောင်နှင့် ဦးဝဏ္ဏမျိုး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းဌေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် ပါတီခေါင်းဆောင်များနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များ၊ MCC မှ တာဝန် ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား ၁၆၈ ဦး တက်ရောက်ခဲ့ သည်။

မောင်နီ(ဒဂုံတောင်)