ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီနှင့်ရပ်ကွက်၊ ကျေးရွာပါတီဝင်များလုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲအား ယနေ့နံနက် ၉နာရီ တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမဆောင်၌ကျင်းပ ခဲ့သည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ အရန်ပါတီဗဟိုကော်မတီ (အရှေ့ ပိုင်း)ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ အရန်ပါတီ ဗဟိုကော်မတီဝင် (အရှေ့ပိုင်း)ခရိုင်အတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ အရန်ဗဟို ကော်မတီဝင် (အရှေ့ပိုင်း)ခရိုင် ဘဏ္ဍာရေးမှူး(နယ်မြေတာဝန်ခံ) ဒေါ်အေးအေးမြင့်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများ မှ အဖွဲ့ခေါင်းဆောင်နှင့်ပါတီဝင် များ စုစုပေါင်းပါတီဝင် ၉၅ ဦး တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပါတီဗဟို ကော်မတီဝင် ဦးတင်အောင်က အမှာစကားပြောကြားပြီး ပါတီ၏ မူဝါဒများနှင့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားဆွေးနွေးသည်။ ထို့နောက် ခရိုင်၊မြို့နယ် တာဝန်ရှိ သူများမှ ပါတီကျစ်လျစ်ခိုင်မာစွာ တည်ဆောက်ထားမှု၊ ပါတီဝင် အချင်းချင်းစည်းလုံးညီ ညွတ်မှုရှိ စေရန်နှင့် ပါတီအောင်နိုင်ရေး အတွက် ကြိုးစားဆောင်ရွက်ကြရန် အသီးသီးရှင်းလင်းဆွေးနွေးကြ ကြောင်း၊ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကို ညနေ ၄ နာရီခွဲတွင် အောင်မြင် စွာရုပ်သိမ်းခဲ့ကြောင်းသိရသည်။

လှမျိုး(ဒဂုံအရှေ့)


Leave a Reply