ကော့မှူးပြည်ခိုင်ဖြိုးပါတီနှင့်ဖြိုးစေတနာ နယ်လှည့်ဆေးကုသရေးအဖွဲ့ပူးပေါင်း ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးကျော်ဇင်ဟိန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်၊ ကျေးပါတီခေါင်းဆောင်များသည် ဒေါက်တာသိန်းဇော်မြင့်ဦးဆောင်သည့် တောင်ပိုင်းခရိုင် ဖြိုးစေတနာနယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက ကော့မှူးအနောက်ခြမ်း မဆယ်ဆိပ်ကျေးရွာအုပ်စု စပါးကြီးစမ်းကျေးရွာ ပါတီရပ်ကျေးခေါင်းဆောင် ဦးအောင်ဖြိုးနေအိမ်တွင် အခြေစိုက်ကာ ကော့မှူးအနောက်ခြမ်းကျေးရွာများမှ လူနာများအား ကွင်းဆင်း၍ ဆေးကုသမှုပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆေးကုသရာ၌ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလွင်ဦး၊ အတွင်းရေးမှူးဦးအောင်ကျော်မင်းနှင့် ခရိုင်ကော်မတီဝင်များ၊ ကော့မှူးပြည်ခိုင်ဖြိုးပါတီနာယက ဦးမြင့်ကြိုင် တို့က ကူညီဆောင်ရွက် ပေးခဲ့ကြပြီး လူနာ ၆၈ ဦးတို့အားဆေးကုသပေးခဲ့ကြောင်းသိရသည်။ ယနေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ တလုပ်ထော်ကျေးရွာအုပ်စု သပြုစမ်းကျေးရွာတွင် ဆက်လက်ဆေးကုသပေးသွားမည်ဖြစ်သည်။

မြတ်ဟိန်းကျော်(ကော့မှူး)


Leave a Reply