ပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ အမ်းမြို့နယ်ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

 

ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ပါတီဥက္ကဋ္ဌ၊ ပြည်နယ်အတွင်းရေးမှူး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးသောင်းငြိမ်း၊ ကျောက်ဖြူခရိုင်/မြို့နယ်ဥက္ကဋ္ဌများ၊ အမ်းမြို့နယ် ပါတီကော် မတီဝင်များတို့သည် .ယနေ့ ( ဒီဇင်ဘာ ၁၃ ရက်) နံနက်ပိုင်းက အမ်းမြို့နယ်၊ တန်းတင်ကျေးရွာ၊ တလိုင်းတောက် ကျေးရွာများသို့ သွားရောက်ပြီး ဒေသခံများအား ရင်းရင်းနှီးနှီး တွေ့ဆုံကြသည်။

ယင်းသို့တွေ့ဆုံရာတွင် ဗဟိုအတွင်းရေးမှူးနှင့် ပြည်နယ်ပါတီဥက္ကဋ္ဌ တို့မှ မိမိတို့ပါတီအစိုးရလက်ထက်တုန်းက ပြည်သူ့အကျိုးပြု လုပ်ကိုင်ဆောင်ရွက် ခဲ့မှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ ပြည်နယ်ပါတီအနေဖြင့် ကျေးရွာများထိအရောက် လုပ်ပေးနိုင်စွမ်း ရှိသည့် အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ ဦးတင်အောင် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း) က မိမိတို့မြို့နယ်ကို မိမိတို့မြို့နယ်သားများကသာ ချစ်မည်ဖြစ်ပြီး၊ မိမိတို့မြို့နယ် အပေါ် အခြားမြို့နယ်သားများ ချစ်သည်ဆိုခြင်းမှာ မိမိတို့ မြို့နယ်သားများ မုန်းသည်ဆိုခြင်းလောက် မရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်လောင်းမှ မိမိအနေဖြင့် ဒေသခံဖြစ်သည့် အလျောက် ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ဆောင်ရွက်ရမည့်အပိုင်းအား ကောင်းစွာ သိရှိနားလည်ကြောင်း၊ ဤဒေသ၏ အကျိုးအတွက် မိမိအနေဖြင့် လုပ်ဆောင်ခွင့်ရပါက အစွမ်းကုန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Nay Cho Thway


Leave a Reply