(၄၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တက်ရောက် လောင်းလှူ

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် မဟာမင်္ဂလာဇေယျ သိဒ္ဓိ စံတော်ရာကုန်းစေတီတော် (၄၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ တော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ရာ စံတော်ရာ ကုန်းတော် ဆရာတော် ဘဒ္ဒန္တဓမာဝုဓအမှူးပြု သော သံဃာတော် ၁ဝ၈ ပါြး<ွက ရောက်ပြီး အလှူခံသည်။

 

ဗုဒ္ဓပူဇနိယပွဲတော်အတွင်း ကမ္ဘာ့ရွှေရင် အေးဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူသည့် ၁ဝ နှစ်မြောက် အထိမ်းအမှတ် ပင့်သံဃာ ၃၇ ပါး အား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ကျေးရွာအလိုက် အလှည့်ကျ ကန်တော့ခြင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားပွဲများကျင်းပခြင်း၊ ထီးတော် အသစ်တင်လှူခြင်း၊ ရှေးဟောင်း သိမ်တော်ကြီးအား အသစ်ပြန်လည် မွမ်းမံခြင်း၊ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချခြင်းပြုလုပ်ခဲ့ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး နှင့် ဇနီး ဒေါ်သင်းမျိုးမျိုးအောင်၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကြည်မြင့် နှင့်မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်ထွေ/အုပ်မိသားစုများ၊ မြို့နယ် စည်ပင်မိသားစုများနှင့် ကျေးရွာများမှ အလှူရှင်များ စည် ကားသိုက်မြိုက်စွာ ပါဝင်လောင်း လှူခဲ့ကြကြောင်း သိရသည်။

ဦးမျိုး(ပျော်ဘွယ်)


Leave a Reply