ကြိုဆိုနွှဲပျော် ကရင်နှစ်သစ်ကူးပွဲတော်

 

ကရင်နှစ်သစ်ကူးပွဲတော်အကြိုကာလ တိုင်းရင်းသား တေးဂီတအဖွဲ့သည် ဒီဇင်ဘာလ (၁၂) ရက်နေ့ညတွင် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်သို့ ရောက်ရှိ နှုတ်ခွန်းဆက် သီဆိုဖျော်ဖြေကြပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးကိုယ်စား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်နှ်င့် လွှတ်တော်ကိုယ်စားလှယ်များက ရင်းနှီးစွာ ကြိုဆိုဧည့်ခံကာ အလှူငွေများ ပါဝင် လှူဒါန်းခဲ့ကြသည်။
ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ် လွှတ်တော်ကိုယ်စားလှယ်ဆောင်တွင် မင်္ဂလာရှိသော ညချမ်းအခါသမယ မင်္ဂလာရှိသော ကရင်တိုင်းရင်းသား တေးသံသာများဖြင့် သာယာဝေစည်နေခဲ့ပြီး တိုင်းရင်းသားလူငယ်များနှင့် ပြည်ခိုင်ဖြိုးပါတီမှ တိုင်းရင်းသားကိုယ်စားလှယ်များ၏ ဟန်ဆောင်မှုကင်းသော ပျော်ရွှင်ဖွယ်ပုံရိပ်များကို ဤသို့ တွေ့ရသည်။
#အောင်ပိုင်မင်း


Leave a Reply