ပထမဆုံးတရုတ်သမ္မတအနေဖြင့် ဒါဗို့စ်ဖိုရမ်သို့ သမ္မတရှီကျင့်ဖျင်တက်ရောက်မည်

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဒါဗို့စ်မြို့တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်မည်ဖြစ်ကြောင်း စီမံဆောင်ရွက်သည့် အဖွဲ့နှင့် နီးစပ်သည့် အမည်မဖော်လိုသော သတင်းအရင်း အမြစ်နှစ်ခုကို ကိုးကားပြီး Financial Times သတင်းစာက အင်္ဂါနေ့တွင် ဖော်ပြသည်။

15267748_1363353123684197_1555432580128303842_n

ထိုသတင်းကိုသာ အတည်ပြုနိုင်ခဲ့မည်ဆိုပါက ဇန်နဝါရီ ၁၇ မှ ၂ဝ အထိ ကျင်းပမည့် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး ခေါင်းဆောင်များ၏ နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်သည့် ပထမဆုံးတရုတ်သမ္မတ ဖြစ်လာမည် ဖြစ်သည်။

၎င်းခရီးစဉ်ကို ဆွစ်ဇာလန်နိုင်ငံတွင် အဆုံးသတ်မည်ဟု သတင်းစာက ဆိုသည်။ South China Morning Post သတင်းစာ၏ အဆိုအရ ကမ္ဘာ့စီးပွားရေးဖိုရန်က သမ္မတရှီ တက်ရောက်မည့် အစီအစဉ်ကို အတည်မပြုသေးဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယင်းခရီးစဉ်ကို အတည်မပြုရသေး ဟုဆိုသည်။

တရုတ်ဝန်ကြီးချုပ်များဖြစ်ကြသော လီကဲချန်နှင့် ဝမ်ကျားပေါင်တို့အပါအဝင် အခြားတာဝန်ရှိသူများက ဒါဗို့စ် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြဖူးပြီး သမ္မတအဆင့်ပုဂ္ဂိုလ်အနေဖြင့် တက်ရောက်ခဲ့ဖူးခြင်းမရှိပေ။ ယခုနှစ်တွင် ကျင်းပခဲ့သည့် နှစ်ပတ်လည်အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ကမ္ဘာတစ်ဝန်းမှ စစ်သွေးကြွ တိုက်ခိုက်မှု အခြေအနေများက လွှမ်းမိုးထားခဲ့သည်။

Ref:CNA


Leave a Reply