ပထမဆုံးဂျပန်ခေါင်းဆောင်တစ်ဦးအနေဖြင့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ပုလဲဆိပ်ကမ်းသို့ သွားမည်

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးသည် ဒုတိယကမ္ဘာစစ်ကို စတင်စေခဲ့သော နေရာဖြစ်သည့် ပုလဲဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ကြေညာလိုက်ပြီး ယင်းနေရာသို့ သွားရောက်လည်ပတ်သည့် ပထမဆုံး ဂျပန်ခေါင်းဆောင်ဖြစ်လာတော့မည်ဖြစ်သည်။

15380810_1363330970353079_7980705513716493345_n

ဟာဝိုင်အီရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းသို့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၇ ရက် တိုက်ခိုက်မှု ၇၅ နှစ်ပြည့် နှစ်ပတ်လည် မတိုင်မီ ၂ ရက်အလိုတွင် ယင်းခရီးစဉ် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်တို့က ဂျပန်နိုင်ငံတွင် နျူကလီးယားဗုံး ၂ လုံး ကြဲချခဲ့ပြီးသည့်နောက် ၁၉၄၅ ခုနှစ် သြဂုတ်လတွင် စစ်ပွဲအဆုံးသတ်ခဲ့ပြီး နှစ်နိုင်ငံကြား အကြီးအကျယ် စစ်မက်ဖြစ်ပွားခဲ့သော်လည်း ဆယ်စုနှစ် ခုနှစ်ကျော်ကြာ ဆက်ဆံရေးခိုင်မာခဲ့သည်။

ပုလဲဆိပ်ကမ်းသို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အလည်အပတ်ခရီးစဉ်သည် လာမည့်လတွင် သမ္မတ ဘားရက် အိုဘားမားထံမှ အာဏာလွှဲပြောင်းရယူမည့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့် ဆက်ဆံရေးအသစ်ကို တည်ဆောက်ရန် ဂျပန်ပြင်ဆင်နေချိန်လည်းဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် ထရန့်က ဂျပန်နိုင်ငံနှင့် နှစ်နိုင်ငံကြား လုံခြုံရေးမဟာမိတ်အပေါ် မေးခွန်းထုတ်ခဲ့သည့် အတွက် စိုးရိမ်စိတ်များ မြင့်တက်လာခဲ့သည့်အတွက် အမေရိကန်ရွေးကောက်ပွဲပြီးနောက် ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ထရန့်ကို ပထမဆုံး ကမ္ဘာ့ခေါင်းဆောင်အနေဖြင့် လာရောက်တွေ့ဆုံခဲ့သည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဟာဝိုင်အီပြည်နယ်သို့ ဒီဇင်ဘာ ၂၆ မှ ၂၇ အထိ သွားရောက်လည်ပတ်မည်ဖြစ်ပြီး သမ္မတအိုဘားမားနှင့်အတူ ဆွေးနွေးပွဲများ ပြုလုပ်မည်ဟုဆိုသည်။

Ref:AFP


Leave a Reply