သြစီ အရှေ့တောင်ပိုင်းမှာ အအေးဒဏ်ခံနေရ

11616196

ACT, Black Mountain မှာ နှင်းတွေဖုံးလွှမ်းနေ (Credit: ABC)

သြစတြေးလျနိုင်ငံ ​အရှေ့တောင်ပိုင်းမှာ ​အအေးဓာတ်တွေ ​ဖြတ်သန်းနေတဲ့အတွက် ​နှင်းကျတာတွေအပြင် ​လေပြင်းတွေလည်း ​တိုက်ခိုက်နေပါတယ်။

ဗစ်တိုးရီးယား ​ပြည်နယ်၊ ​တက်စမေးနီးယား၊ ​နယူးဆောက်သ်ဝေးလ်၊ ​မြို့တော် ​ကင်ဘာရာရှိရာ ​အထူးဒေသနဲ့ ​တောင်သြစတြေးလျ ​ပြည်နယ်တွေမှာ ​လေပြင်းတိုက်ခတ်မယ်လို့ ​မိုးလေဝသဌာနက ​သတိပေးထားပါတယ်။

တောင်သြစတြေးလျပြည်နယ်မှာ ​ညတုန်းက ​အိမ်ခြေပေါင်း ​ငါးသောင်းမှာ ​လျှပ်စစ်မီး ​ပြတ်တောက်မှုတွေ ​ဖြစ်ခဲ့ရပါတယ်။

တက်စမေးနီးယား ​ပြည်နယ်မှာလည်း ​နေအိမ်နဲ့ ​ဈေးဆိုင် ​တစ်သောင်းလောက်မှာ ​လျှပ်စစ်မီးပြတ်တောက်နေပြီး ​မြို့တော် ​ကင်ဘာရာမှာတော့ ​နှင်းတွေ ​ကျရောက်တဲ့အတွက် ​တမြို့လုံးနီးပါး ​ဖြူဖွေးနေပါတယ်။

ဗစ်တိုးရီးယား ​ပြည်နယ်မှာလည်း ​လေပြင်းတိုက်ခတ်မှုကြောင့် ​အရေးပေါ် ​ဌာနာကို ​လှမ်းပြီး ​အကူအညီတောင်းခံတဲ့ ​ဖုန်းခေါ်ဆိုမှု ​တစ်ထောင်ကျော် ​ရှိခဲ့ပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ​သစ်ပင်တွေ ​ကျိုးကျတဲ့အတွက် ​အကူအညီတောင်းတာတွေ၊ ​တချို့ကလည်း ​လမ်းချော်လို့ ​ကားမတော်တဆ ​ဖြစ်ရာက ​အကူအညီတောင်းခံတာမျိုး ​ဖြစ်ပါတယ်။

ဗစ်တိုးရီးယား ​ပြည်နယ်က ​တောင်ပေါ်ဒေသတွေမှာတော့ ​အပူချိန်က ​အနှုတ် ​၈ ​ဒီဂရီ ​စဲလ်ဆီးယပ်စ် ​အထိ ​ရောက်ရှိခဲ့တဲ့အတွက် ​နှင်းထူထပ်မှုတွေ ​ဖြစ်နေပြီး ​နှင်းလျောစီးမယ့် ​လူတွေအတွက် ​သတင်းကောင်း ​ဖြစ်နေပါတယ်။

ABC Radio Australia


Leave a Reply