နိုင်ငံရေးပါတီတွေကလည်း ကာ/လုံခေါ်ခွင့်နဲ့ပတ်သက်ပြီး တောင်းဆိုပိုင်ခွင့် ရှိတယ်

၁၃ ပါတီ ပူးတွဲကြေညာချက်သည် လုပ်ကွက်ပျောက်နေသဖြင့် နိုင်ငံရေး ကစားခြင်းဖြစ်နိုင် သည်ဟု နိုဝင်ဘာ ၃ဝ ရက်ထုတ် သတင်းမီဒီယာတစ်ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ ပြောဆို ချက်များနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီပါတီသစ်ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့် ပြန်လည်ဖြေကြားချက်များကို ဖော်ပြပေး လိုက်ပါသည်။

ကာ/လုံကို အစိုးရကပဲခေါ်နိုင်တယ်ဆိုတဲ့ ပြောဆိုချက်က ဘယ်အခြေခံဥပဒေ ပုဒ်မနဲ့ ဘယ်ဥပဒေကို ရည်ညွှန်း သလဲလို့ ကျွန်တော်က မေးခွန်းပြန်ထုတ်ရပါမယ်။ ဥပဒေကို နားလည်ရင်တော့ အဲ့ဒီလို ကျဉ်းမြောင်းတဲ့စကားမျိုး မပြောဘူးလို့ ယူဆပါတယ်။

ကျူးကျော်လာတဲ့ ဘင်္ဂါလီတွေရဲ့ ဝင်ရောက်တိုက်ခိုက်မှု၊ မီးရှို့မှု၊ လုံခြုံရေးအဖွဲ့ဝင်တွေကို တိုက်ခိုက်မှု၊ နောက်တစ်ခါ တိုင်းရင်းသူတွေ နေအိမ်မှစွန့်ခွာသွားအောင်၊ အသက်မွေး ဝမ်းကျောင်းလုပ်လို့မရအောင် ပြုမူနေတဲ့ ပြဿနာဟာ မြန်မာနိုင်ငံရဲ့ နယ်မြေစိုးမိုးမှု အချုပ်အခြာအာဏာကို ထိပါးလာပြီ။ ဒီလိုပဲ ရှမ်းအရှေ့/မြောက် ကိစ္စဟာလည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ ၂၅ ရာခိုင်နှုန်းကိုထိခိုက်နေပြီ။ တစ်နေ့တခြား ယာဉ်မောင်းတွေကို ပစ်တယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို သတ်ဖြတ်လာတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ထိခိုက်မှုဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာပြီ။ အဲ့ဒီလိုပဲ ရန်ကုန်တိုင်းဒေသကြီးမှာလည်း ကုန်တိုက် တွေကစပြီးတော့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အထိ ပေါက် ကွဲမှုတွေ ဖြစ်နေပြီ။ အဲ့ဒါတွေအားလုံးက တိုင်းပြည်ရဲ့ လုံခြုံရေးကိုထိပါးတဲ့ အရေးကြီးတဲ့ အခြေအနေတွေ ဖြစ်တယ်။

အဲ့ဒီအခြေအနေတွေကြောင့် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေး ပြဿနာ ပေါ်ပေါက်မယ့် အချိန်မှာ ဒါကိုကိုင်တွယ်ရမှာ ဘယ်သူလဲ။ ဒီအချိန်မှာ သမ္မတရုံးကဦးဇော်ဌေး က ဟိုတစ်နေ့က ပြောတာရှိတယ်။ ဒါဟာ အထွေထွေအကျပ်အတည်း မဟုတ်ဘူးလို့ ပြောတယ်။ အဲ့ဒီတော့ ဒီမှာ ကျွန်တော်ရှင်းပြချင်တဲ့အချက်က ကျွန်တော်တို့ ကြေညာချက်က အထွေထွေ အကျပ်အတည်းဆိုတာ မြန်မာလို ကျွန်တော်တို့ရေးထားတာ။ တရားဝင်ထုတ်ပြန်ထားတဲ့ မြန်မာအဘိဓာန်ကိုကြည့်လိုက်။ မြန်မာအဘိဓာန်မှာ အကျပ်အတည်းဆိုတာ အခက်အခဲကို ဆိုလိုတယ်လို့ ပြောတာပါ။ ဒီနေ့ ရခိုင်ကိစ္စ၊ ရှမ်းအရှေ့ကိစ္စ ပေါက်ကွဲမှုအားလုံးဟာ ဒီအခက်အခဲ မဟုတ်ဘူးလား။ အခက်အခဲဟာ တစ်ခုတည်းမဟုတ်ဘူးလား။ နိုင်ငံရေး၊ စီးပွားရေး တင်မကဘဲနဲ့ တပ်မတော်နဲ့ ထိတွေ့တိုက်ခိုက်မှုတွေ များပြားလာတဲ့အတွက် ဒါဟာ အထွေထွေအကျပ် အတည်းဖြစ်နေပြီ။

အဲ့ဒီတော့ ဒီလို အထွေထွေအကျပ်အတည်းဖြစ်နေတဲ့နေရာကို ကျွန်တော်တို့ကိုင်တွယ် ဖြေရှင်းတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီပဲ ကိုင်တွယ်ဖြေရှင်းရမယ်။ ဖြေရှင်းတဲ့ အခါမှာ အရေး အကြီးဆုံးအချက်က ဘာလဲဆိုရင် ဒီနေ့ ကျွန်တော်တို့ ကာ/လုံသည် သမ္မတတွေပါတယ်။ ကာချုပ်၊ ဒုကာချုပ်တွေပါတယ်။ ပြည်ထဲ ရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေး၊ နိုင်ငံခြားရေးဝန်ကြီးပါတယ်။ ၁၁ ဦးပါတဲ့အဖွဲ့က စုပေါင်း ခေါင်း ဆောင်ပြီးတော့ တိုင်းပြည်ရဲ့ ပေါ်ပေါက်နေတဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးရဲ့ ပြဿနာတွေကို အလျင်အမြန်ဖြေရှင်းဖို့က ကာ/လုံမှာသာ လုပ်ပိုင်ခွင့်ရှိတယ်။

အဲ့ဒီတော့ ကာ/လုံကို ဘယ်သူခေါ်မလဲဆိုတာ အခြေခံဥပဒေမှာရေးမထား ဘူး။ကာ/လုံဟာ နိုင်ငံတော်သမ္မတ ဦးဆောင်တယ်လို့ပဲပြောထားတာ။ အဲ့ဒီတော့ ကာ/လုံနဲ့ပတ်သက်ရင် အဖွဲ့ဝင်များကလည်း ကာ/လုံခေါ်ဖို့ တောင်းဆိုနိုင်တယ်။ ကာ/လုံမှာ ဦးဆောင်တဲ့ သမ္မတကလည်း ခေါ်နိုင်တယ်။ ကျွန်တော်တို့နိုင်ငံရေး ပါတီတွေကလည်း ကာ/လုံခေါ်ခွင့်နဲ့ ပတ်သက်ပြီး တောင်းဆိုပိုင်ခွင့်ရှိတယ်။ ကာ/လုံကို အစိုးရကပဲခေါ် နိုင်တယ်ဆိုတဲ့ ပြောဆိုချက်က ဘယ်အခြေခံဥပဒေပုဒ်မနဲ့ ဘယ်ဥပဒေကို ရည်ညွှန်းသလဲလို့ ကျွန်တော်က မေးခွန်းပြန်ထုတ်ရပါမယ်။ ဥပဒေကို နားလည်ရင်တော့ အဲ့ဒီလို ကျဉ်းမြောင်းတဲ့ စကားမျိုးကိုမပြောဘူးလို့ ယူဆပါတယ်။

ဒီနေ့ ကျွန်တော်တို့နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ သက်ရောက်နေတယ်။ ၂ဝ၁၁ခုနှစ် ဇန်နဝါရီလကတည်းကစပြီးတော့ ဒီအာဏာသက်ရောက်တဲ့အခါမှာ ”နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်”ဟု ပုဒ်မ ၃၈၄မှာ လားမသိဘူး ပြဋ္ဌာန်းထားတယ်။ အလားတူပဲ ဇယား(၄)မှာ လွှတ် တော်ကိုယ်စားလှယ်လုပ်တဲ့သူတွေ က ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာ ကွယ်ရမယ်လို့ပြဋ္ဌာန်းထားတယ်။ အဲ့ဒီလိုပဲ သမ္မတ၊ ဒုတိယသမ္မတ လုပ်တဲ့သူတွေက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်းကာကွယ်ရ မယ်ဆိုပြီးတော့ အတိအကျကို အခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီးတော့ ကတိသစ္စာပြုထားတာရှိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ အခြေခံ ဥပဒေကို လိုက်နာရမယ့် တာဝန်ရှိ တဲ့သူတွေဖြစ်တဲ့အတွက် အခြေခံ ဥပဒေမှာပါတဲ့ ပုဒ်မ ၂ဝ၁ နိုင်ငံ တော်လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ ဖွဲ့စည်းထားမှုနှင့်အညီ ဒီကနေ့တိုင်းပြည်မှာပေါ်ပေါက်နေ တဲ့ အထွေအထွေအကျပ်အတည်း ပြဿနာတွေကိုဖြေရှင်းပေးဖို့ ကျွန် တော်တို့ ပြောဆိုခြင်းဖြစ်တယ်။ ပုဂ္ဂိုလ်ရေးနဲ့ပတ်သက်ပြီးကျွန်တော် တို့ကို ပုတ်ခတ်တာတော့ ပြန်လည် တုံ့ပြန်စရာမရှိပါဘူး။ ပုဂ္ဂိုလ်ရေး အရ ကျွန်တော်နဲ့ကိုခင်မောင်ဆွေကို ပြောဆိုတဲ့ပုဂ္ဂိုလ်နဲ့ ပြီးခဲ့တဲ့ သက် တမ်း ငါးနှစ်အတွင်းမှာ တိုင်းပြည် နဲ့လူထုအတွက်ဘယ်သူတွေ ဘယ်
လောက်လုပ်ခဲ့တယ်ဆိုတာ အချိန် နဲ့သမိုင်းက အဖြေပေးပါလိမ့်မယ်။

ကျွန်တော်တို့က အခြေခံ ဥပဒေကို လေးစားလိုက်နာရမယ် ဆိုပြီး ပြဋ္ဌာန်းထားတဲ့အတွက် ဖွဲ့စည်းပုံထိန်းကျောင်းရေးကိုတစ်ခု ပြီးတစ်ခု လုပ်ရမှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထိန်းကျောင်းခြင်းကို လုပ်တဲ့နေရာမှာ တပ်မတော်အနေနဲ့ ပုဒ်မ ၂ဝ(စ)အရ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဓိကကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမှာက တပ်မတော်ပဲလေ။ သူ့အပိုင်းနဲ့သူ လုပ်ဖို့ အခြေခံဥပဒေပြဋ္ဌာန်းချက် မှာပါတဲ့အတွက် အခြေခံဥပဒေကို ကျွန်တော်တို့ လိုက်နာခြင်းဟာ အခြေခံဥပဒေကိုလိုရင် တစ်မျိုးသုံးမယ်။ မလိုရင်တစ်မျိုးသုံးတဲ့သူတွေ ထက်ကိုဥပဒေအပေါ်မှာကျွန်တော် တို့သစ္စာရှိတယ်ဆိုတာ ဒါအားလုံး က မြင်တွေ့မှာပါ။

Uniondaily


Leave a Reply