“အစိမ်းရောင်တွဲလက်များ” လူငယ်အဖွဲ့ ဖွဲ့စည်းခြင်း၊ တွေ့ဆုံမိတ်ဆက်ပွဲ ပြုလုပ်
သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာအသီးသီးမှ လူငယ်များစုစည်း၍ ” “အစိမ်းရောင်တွဲလက်များ” လူငယ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် တွေ့ဆုံ မိတ်ဆက်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၂၅) ရက် နံနက် (၁၁) နာရီအချိန်တွင် သထုံမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမျိုးမင်းဌေး မြို့နယ် လူငယ်ရေးရာတာဝန်ခံ ဦကျော်ခင်လတ်နှင့် လူငယ်များစုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် လူငယ်များအဖွဲ့ ဖွဲ့စည်း ရခြင်းအကြောင်းများအား လူငယ်များနှင့် အပြန်အလှန်ဆွေးနွေး၍ အဖွဲ့၏ အမည်ပေးခြင်းကို လူငယ်များမှ ရွေးချယ်ခြင်း၊ ရွေးချယ်ခံရသော အမည်အား အဖွဲ့အမည်အဖြစ် သတ်မှတ်ခဲ့ပြီး လူငယ်များအချင်းချင်း ချစ်ကြည် ရင်းနှီးလာစေရန် ရည်ရွယ်ကာ အပြန်အလှန်မိတ်ဆက်ခြင်း၊ ရင်းနှီးပျော်ရွင်စေမည့် ဂိမ်းများကစားခြင်းတို့ ပြုလုပ ခဲ့ကြောင်း သိရှိရပါသည်။
# MON YOUTH